ရွယ့်နားရွက်ဖျားလေးနဲ့ဝေးမှပဲ
ဒုက္ခပင်လယ်ဝေရတယ်လို့၊
မျက်ဝန်းလေးကို တမိမှ
နှုတ်ခမ်းလေးကို လွမ်းမိမှ
မဆုံနိုင်မှန်း သိတော့တယ်။ဘယ်တော့မှလား၊ ထာဝရလား
တစ်သက်စာ တစ်သက်စာ
တီတာတွယ်တာ ကြင်နာခဲ့သမျှ
ဝေးမှန်းသိမှ နာကျင်ရ
မဆုံကြမှ ဝမ်းနည်းရ။ဒဏ္ဍာရီဆန်ဆန် ဝေဝေဝါးဝါး
ကံဆုံလို့နီးကာ ကံကုန်လို့ဝေးရ
တ၊ သ မကွဲ ရှတတအသံလေးနဲ့
ငရဲမီးလို မနက်ခင်းလန့်နိုးခြင်းများ
ရွယ်ဟာ မောင့်ကိုရက်စက်ခဲ့။ရွယ့်ညာဘက်နားရွက်က စိန်နားကပ်နှစ်ခု
ပုံမကျတကျဆံပင်၊ ခပ်ပါးပါးနှုတ်ခမ်း
မထူတထူ မျက်ခုံး၊ ပါးချိုင့်နှစ်ဖက်
အရာရာဟာ အသူရာပါ
အခါခါငါ သေပျော်မယ့်ချောက်နက်။ဝဋ်ငရဲ၊ ဆင်းရဲဒုက္ခဆိုးတွေ
ရွယ့်ဥပေက္ခာအယောင်ဆောင်လို့
မောင့်လည်ကို ကြိုးအထပ်ထပ်နဲ့စွပ်
မောင့်ဘဝကို အတင်းအဓမ္မကျင့်
မောင်ဟာ သံသရာထိအခါခါသေမို့။ရီဝါးဝါး မှောင်ပိန်းပိန်းလမ်းမကြီးနဲ့ဝေးပါပြ်ီ
ရွယ့်အချစ်နဲ့ တစ်သက်စာ လှမ်းကွာခဲ့ရပြ်ီိ
ရွယ့်နှုတ်ခမ်းနားမှည့်လေးနဲ့ဝေးပြီ
မောင့်ရှင်သန်ခြင်းနဲ့ဝေးပြီ
မောင့်သံသရာမှာ မောင်ဆွေးရပြီဘယ်ဆီဝေးလဲ သံသရာထွေးမှာ
လမ်းကွေ့တစ်ခု ကြုံလာခဲ့ရင်
ရွယ့်အချစ်အတွက် ဆုပန်တယ်
ရွယ့်အကြင်နာအတွက် ဆုပန်တယ်
ပြာမှုန်ဘဝတော့ လေထဲပေါင်းရပါစေ။နေသစ်သွေး
YOU ARE READING
"လွမ်းနာကျန်ရစ်သူများအကြောင်း" အက်ဆေးပေါင်းချုပ်
Poetryရေးဖူးသမျှ စာတိုစာစတွေနဲ့ ကဗျာတွေ