ဆုတောင်းတွေပြည့်ဖို့
ဒုဓလီတွေ အသက်ခြွေဖို့မလိုသလို
ဘယ်အရာမှာ မလိုပါဘူး။
ဒီဘဝ အသက်ဆုံးပြီးလည်း
နောက်ဘဝငါ အသက်ဆက်ရှူနေရဦးမယ်။
ဒီဘဝ အချစ်မောဖောက်လည်း
နောက်ဘဝငါ အသက်ထပ်ချစ်နေဦးမယ်။
ဒီဘဝမှာ အရာရာသေသွားလည်း
နောက်ဘဝမှာ ကိလေသာနယ်ထဲ ကျွံရဦးမယ်။
မပြီးသတ်နိုင်ဘူးထင်လာသရွေ့
ရုန်းဖို့ ခွန်အားတွေ ရလာမယ်ထင်တယ်။
သမုဒယလှောင်အိမ်က
ငါလွတ်လာတဲ့အခါ
အချစ်၊ အမုန်းကို အပြီးသတ်ပယ်လာနိုင်မယ်။
မေ့ဖို့ မဆုတောင်းတဲ့အခါ
မေ့လာတော့မယ် ငါမထင်ဘူး။
ဆုတောင်းတစ်ခုအတွက်
ဘဝတွေ အိမ်ယာမဲ့ဖြစ်နေတဲ့ တိုင်းပြည်မှာ
အချစ်ကို မမေ့နိုင်လို့ ဘာမှ ဖြစ်မသွားဘူး။
ငါ့ဆုတောင်းတွေအစား၊
စစ်ဘေးသင့်ကလေးတွေ
သူတို့ဆုတွေ ပြည့်ပါစေ။
ဒီလိုမျိုးနဲ့
ဒုဓလီမပွင့်တဲ့ တိုင်းပြည်မှာတောင်
ချစ်သူ့နားရွက်ဖျားက နားကပ်လေးဖြစ်လာရဲ့၊
သူ့ပါးချိုင့်ကလေးကို အမွှေးပေးဖို့ဖြစ်လာရဲ့၊
ငါ့သမိုင်းငါရေးလာနိုင်ရဲ့၊
တိုင်းပြည်မှာ တရားမဲ့စစ်ဘေးငြိမ်းလာစေရဲ့၊
ဘုရားကို နားအေးပါးအေးစံစေရဲ့
ဘုရား ကျေးဇူးတင်သူ ငါဖြစ်လာရဲ့။နေသစ်သွေး
၃၀ဧပြီ၊၂၀၂၀
YOU ARE READING
"လွမ်းနာကျန်ရစ်သူများအကြောင်း" အက်ဆေးပေါင်းချုပ်
Poesíaရေးဖူးသမျှ စာတိုစာစတွေနဲ့ ကဗျာတွေ