ဝဋ်ကြွေး
ဇာတ်ဆရာကြိုးဆွဲသလို
ကခုန်ရတဲ့ ဘဝဇာတ်ခုံထဲ
အချစ်က တစ်ခန်းရပ်ပဲ....
သေသွားရင်
ပစ်ထားခဲ့မှာအတွက်
ဘာတွေကြေကွဲနေမလဲ
ပေးသလောက်ပြန်မရ
ခေါက်ထားသင့်တဲ့အရာ...
အခိုးအငွေ့အဖြစ်ပျောက်သွားမယ့်အထဲ
ချစ်ခြင်းဟာ ထိပ်ဆုံးကပါ...
ငါရော၊ မင်းရော၊ တစ်လောကလုံးရော
ချစ်တာရော၊ မချစ်တာရော
ကရုဏာပြုတာရော၊ ဥပေက္ခာပြုတာရော
ဝဋ်ကြွေးတစ်ခုပဲငါမှတ်ပါမယ်
သံသရာမှာ တစ်ဖန်ရှင်သန်ရင်တောင်
နောက်ဝဋ်ကြွေးတစ်ခုမှာ
ငါပျော်ချင်ပါတယ်...
ကိုယ့်အတွက် မဟုတ်တဲ့
ရင်ခွင်တွေဆီက
ငါလွတ်နိုင်ပါစေနေသစ်သွေး
အောက်တိုဘာ ၈ ၂၀၁၉
YOU ARE READING
"လွမ်းနာကျန်ရစ်သူများအကြောင်း" အက်ဆေးပေါင်းချုပ်
Poetryရေးဖူးသမျှ စာတိုစာစတွေနဲ့ ကဗျာတွေ