ရေစက်တွေကို ကြောက်တယ်
ဘယ်သံသရာအဦးကတည်းက မှားပြီးချခဲ့မှန်းမသိတဲ့ ရေစက်တွေက
သံသရာလည်နေသရွေ့ အရိပ်မည်းလိုလိုက်နေတာ ဆိုးဆိုးဝါးဝါးပဲ။ညတွေဆို အိပ်မပျော်ဘူး
အိပ်မပျော်တဲ့အစား တစ်ခုခုလုပ်လည်းမဖြစ်ဘူး။
အဲ့အချိန်မှာပဲ ကြောင်နေတဲ့ မျက်လုံးတွေနဲ့
အတိတ်တွေကို ဆိုးဆိုးဝါးဝါးသတိရတယ်ကြယ်တွေက ကြွေတတ်သလားမေးတော့
အိပ်မက်တွေလိုပဲတဲ့ မဆီမဆိုင်လိုက်ပုံဟာ
သူစိမ်းဆန်သလိုပဲ ထူးဆန်းခဲ့လိုက်တာလေ။
ကြောက်စရာကောင်းလောက်အောင်
ဝေးသွားကြပြီပေါ့နော်။အပြုံးတွေဟာ ရက်စက်သလောက်
မျက်လုံးတွေဟာ အကြင်နာတရားခါးပါတယ်။
ဖိနပ်ကိုင်ပေးဖို့ထိ အသက်စွန့်ခဲ့တဲ့
အရှင့်ခြေဖဝါးက သက်စောင့်ငှက်တစ်ကောင်ပါ
ဘုန်းတော်ဘုရား အလိုကျပါဘုရား။အရှင့်လက်နဲ့ သတ်သမျှ သွေးသင့်တဲ့ထိ
အသက်ကိုလည်းယူပါ၊ သွေးကိုလည်းဆောင်ပါ
ချစ်မိခဲ့တာဟာ ရေစက်ကံကိုပဲ ပုံချစို့လေ
သံသရာမှာ ဆုံကြဦးမှာပါ
ဝဋ်ငရဲတွေဟာလည်း ပင်လယ်လို အဆုံးအစမဲ့ပါ။အဆုံးသတ်ခဲ့ရင်၊ ပြီးသွားခဲ့ရင်
ကိုယ်ရယ် ခင်ဗျားရယ် သူရယ်
ကမ္ဘာအသစ်မှာ အဟောင်းမှန်သမျှမေ့
အညစ်အညမ်း၊ အစုတ်အပဲ့တွေကို
ထားခဲ့ကြမှာပါ၊ မေ့ခဲ့ကြမှာပါ
ကမ္ဘာအသစ်မှာ...ကမ္ဘာအသစ်မှာ။ဧပြီ ၇၊ ၂၀၂၀
နေသစ်သွေး
YOU ARE READING
"လွမ်းနာကျန်ရစ်သူများအကြောင်း" အက်ဆေးပေါင်းချုပ်
Poetryရေးဖူးသမျှ စာတိုစာစတွေနဲ့ ကဗျာတွေ