22: ညီမလေး​၏တည်နေရာ

42 2 0
                                    


နေမကောင်းတဲ့ ကမ္ဘာဟောင်းမှာ
အသက်ဆုံးခဲ့တဲ့ နေမင်းဟာ
သူ့မျက်လုံးထဲမှာ ဝင်စား။

ဘုရားသခင်ဟာ ကမ္ဘာကို နေအားပတ်စေသလား။
ဘုရားသခင်ဟာ နေကိုကမ္ဘာအားပတ်စေသလား။
ဘုရားသခင်ဟာ အရာရာဖန်ဆင်းတတ်သလား။

သူ့လည်တိုင်ကျော့ပေါ်က
မှည့်နှစ်လုံးကိုဆက်ပြီးရေးဆွဲခဲ့တဲ့
မြေပုံတစ်ခုကိုကြည့်ပါ။
ကိုယ့်နှလုံးသားကို မြင်ရမှာပေါ့။

ကမ္ဘာဟာ အမှောင်ကျလာတဲ့အခါ
လူသားဖြစ်စဉ်တွေ
ကမောက်ကမဖြစ်ကုန်တယ်။

ခဲရောင်အနွေးထည်လေး
တမာကြွေတဲ့ ကျောင်းလမ်းလေး၊
​ကတ္တီပါ ဖိနပ်ထက်က ခြေထောက်ဖွေးလေး၊
ညီမလေး အပြုံးလေး၊
​ကမ္ဘာသစ်ဟာ ပန်းပေါင်းစုံဝေရဲ့။

ကမ္ဘာသစ်၊ လောကသစ်မှာ
ဘုရားမှတစ်ပါး ကိုးကွယ်စရာမရှိတဲ့နောက်
ညီမလေးဟာ ဧကရီတစ်ပါးဖြစ်လာတယ်။

ဧကရီမဘုရား ကျန်းမာပါစေ။
ဧကရီမဘုရား ဘုန်းကြီးပါစေ။
ဧကရီမဘုရား သက်တော်ရာကျော်ရှည်ပါစေ။

နေသစ်သွေး
၄ မေ ၂၀၂၀

"လွမ်းနာကျန်ရစ်သူများအကြောင်း" အက်ဆေးပေါင်းချုပ်Where stories live. Discover now