ချစ်သူ့ လက်ကလေးနဲ့ဝေးမှပဲ
ဒုက္ခပင်လယ်ဝေရတယ်လို့
မျက်ဝန်းလေးကိုသတိရမှ
မဆုံနိုင်မှန်း သတိထားရတယ်ဘယ်တော့မှလား
ထာဝရလား
တစ်သက်စာ တစ်သက်စာ
ဘတ်စ်ကားတွေ ငါတို့မမှီဘူး
ထီးတွေမိုးဖို့မရှိဘူး
မိုးတွေမရှိဘူး
လည်ပတ်စရာနေရာတွေမရှိဘူး
နောက်ဆုံး
ငါတို့လည်းမရှိခဲ့ရင်
သိပ်ကောင်းမယ်ထင်တကယ်တော့ ညိမ်းရယ်
ချစ်သူလမ်းကြားလျှောက်ခဲ့လည်း
မပေါင်းနိုင်ခဲ့ကြတဲ့လူတွေများမှန်း
ငါ မသိခဲ့ဘူး
ဒီလိုနဲ့ ကြေကွဲရတဲ့ပုံပြင်တွေထဲ
ငါတို့လို လွမ်းနာကျန်ရစ်တွေ
အထိအရှနည်းပါစေ
ငါဆုတောင်းတယ်နေသစ်သွေး
၁၀စက်တင်ဘာ ၂၀၁၉
YOU ARE READING
"လွမ်းနာကျန်ရစ်သူများအကြောင်း" အက်ဆေးပေါင်းချုပ်
Poetryရေးဖူးသမျှ စာတိုစာစတွေနဲ့ ကဗျာတွေ