အဆင်မပြေဘူး ကြယ်ကလေးရယ်
တိမ်တွေလိုငိုချလိုက်ပေမယ့်
ခံစားချက်တွေဟာ အုံ့မှိုင်းဆဲ
အော်စရာ အသံမရှိဘူး
ငိုစရာ မျက်ရည်က မကုန်နိုင်ဘူးဝဋ်ကြွေး ဆိုးတွေဟာ
လောကဓံအမှောင်အနေနဲ့
ဘဝကို ဖျက်ဆီးတယ်
ငါ့စိတ်ရဲ့ ခံနိုင်ရည်ဟာ
ဟိုးအောက်ဆုံးမှာကုန်တော့မှာပါ
ပြီးတော့မှာပါ
ဇာတ်တော့သိမ်းတော့မှာ
ဒီလိုနဲ့ အားတင်းရှင်သန်နေရတာဘယ်အရာနဲ့မှ မဖြေသာနိုင်တဲ့အခါ
ဘယ်လိုမှ မျိုသိပ်လို့မရဘူး
ငိုချစရာ မျက်ရည်တွေကုန်မှ
ဝဋ်တွေကုန်မယ်ဆိုလည်း....နေသစ်သွေး
သြဂုတ်၂၁၊ ၂၀၁၉
YOU ARE READING
"လွမ်းနာကျန်ရစ်သူများအကြောင်း" အက်ဆေးပေါင်းချုပ်
Poetryရေးဖူးသမျှ စာတိုစာစတွေနဲ့ ကဗျာတွေ