25: Love or Love?

28 2 0
                                    



အချစ်ဆိုတာ တကယ်ရှိရဲ့လားလို့ ခဏခဏ တွေးဖူးတယ်။ အချစ်ဆိုတာ မမြင်ရ၊ မတွေ့ရနိုင်တဲ့ ခံစားတတ်မှ သိတတ်တဲ့ အာရုံလို့ပြောကြပေမယ့် ဘယ်သူကမှလည်း ဘယ်လိုခံစားချက်က အချစ်လို့ တပ်အပ်မပြောခဲ့ကြဘူး။

ကျွန်တော်တို့ကို ငယ်သေးတယ်၊ တစ်ချိန်ကျ အချစ်ကို တွေ့လာမယ်လို့ပြောပေမယ့် အချစ်ဆိုတာ ဘယ်အရွယ်မှ အစစ်အမှန်တွေ့မယ်လို့ ဘယ်သူက သတ်မှတ်ခဲ့တာလဲ။

​ဟိုတစ်နေ့က အေးတို့ လင်မယားတွေ ရေချိုးခန်းထဲ အတူဝင်သွားပြီး ဂျီးတွန်းရင်း ရယ်နေကြတုန်း စဉ်းစားမိတယ်။ အိမ်ထောင်သက်တမ်း အကြာကြီးရှိနေပြီဖြစ်တဲ့ အဒေါ်တို့လင်မယားတွေ ခုထိ တစ်ယောက်ကိုတစ်ယောက် ချစ်နေကြသေးတယ်။ အချစ်ဆိုတာ အချိန်အကြာကြီးထိ မပျက်ပြယ်နိုင်တဲ့ expire မပါတဲ့ ခံစားချက်မျိုးလား။ သားသမီး ၃ယောက်ရှိထိတိုင် တစ်ယောက်ကိုတစ်ယောက် စိတ်ပူပြီး အမြဲ ဂရုစိုက်ကြင်နာပြီး သဝန်လည်းသိပ်တိုတဲ့ အေးဟာ ဦးငယ်ထက် ၈နှစ်ကြီးတယ်။

ဦးငယ်ဆယ်တန်းအောင်တော့မှ အေးကိုစတွေ့တယ်တဲ့လေ။ အေးက ငယ်ငယ်က သိပ်ချူချာသလို သူက သိပ်ကိုအစိုးရိမ်ကြီးတယ်။ တစ်ခါက ဦးငယ်နဲ့ပြတ်တုန်းက အေးက တစ်လလောက် ကုတင်ပေါ် ဖင်ထောင်ပြီး ငိုတယ်။ တစ်နေ့လုံးငိုတယ်လို့ ပြောတုန်းက ရယ်ခဲ့ရတယ်။ ဦးငယ်နဲ့ အေးက သိပ်ချစ်ကြတဲ့ ချစ်သူတွေဖြစ်ခဲ့တယ်။ မေမြို့မှာ ဦးငယ် ကျောင်းတက်ရတော့ အေးဆီက ဆက်သွယ်ဖို့ ဖုန်းပြောဖို့ကို ဆီ၊ ဆန်၊ ဆားနဲ့လဲပြီး ဖုန်းပြောခဲ့ရတဲ့ အကြောင်းတွေ။ ဦးငယ်က အေးကိုလွမ်းတဲ့အခါ ရေတံခွန်တောင် MITကနေ လမ်းလျှောက်ပြီး ၂၂လမ်းစာတိုက်ကြီး အိမ်ထိလာချိန်းတွေ့ခဲ့တဲ့ အကြောင်းတွေ၊ တစ်ခါက အဖွားရဲ့ ခဲစာကို ဦးငယ်က မိပြီး နဖူးပေါက်သွားခဲ့တဲ့ အကြောင်းတွေ။

ဦးငယ်က အသက်(၈)နှစ်ကြီးတဲ့ မိန်းမကိုယူဖို့ အမေက မင်္ဂလာဆောင်မလာခဲ့ဘူး။ မခေါ်ဘူး။ ဒီလိုနဲ့ ပညာရေးနဲ့ မိသားစုရေးမှာ ဦးငယ်က ကလေးတွေမွေးဖို့ ကျောင်းထားဖို့ အေးတို့ကျွန်တော်တို့ရဲ့ မိသားစုလုပ်ငန်းကို ခြေစုံပစ်ဝင်ခဲ့ရတယ်။

"လွမ်းနာကျန်ရစ်သူများအကြောင်း" အက်ဆေးပေါင်းချုပ်Where stories live. Discover now