ငရဲကိုငါဆင်းဖို့မှမလိုတာ
မင်းမျက်ဝန်းလေးညိုရတာနဲ့
ငါ့စိတ်မီးတွေ လောင်တယ်
ဘယ်ငရဲဟာ ငါ့လောက်ပူပြင်းမလဲ
အချစ်ငတ်ခဲ့တဲ့ တိရိစ္ဆာန်ကောင်ပါ
မင်းမျက်စောင်းမှာ ဖုန်းဖုန်းလဲကျခဲ့တယ်
မချစ်တော့တဲ့တစ်နေ့
လမ်းခွဲကြမယ့်တစ်နေ့
တို့နှစ်ယောက်ဆက်ဆံရေးပြီးပြီဆိုတဲ့နေ့
ငါနဲ့ ငါ့အသက် ခါးစောင်းတင်
အနိုင်လုမယ်
ဘယ်ဘုံကိုရောက်မလဲ
မင်းမှမဟုတ်ရင်
ဘယ်ငရဲမှာမှ ငါပျော်မှာမဟုတ်
YOU ARE READING
"လွမ်းနာကျန်ရစ်သူများအကြောင်း" အက်ဆေးပေါင်းချုပ်
Poetryရေးဖူးသမျှ စာတိုစာစတွေနဲ့ ကဗျာတွေ