အကြိမ်ကြိမ်အဖန်ဖန်လွဲမှားခဲ့ကြတဲ့ အချစ်တွေကြားက ခင်များကိုချစ်ခဲ့ရတယ် ။ ခင်များဆီက အရမ်းချစ်ပါတယ်ဆ်ိုတဲ့ စကားကို ဘယ်အချိန်ထိကြားရမလဲ။
စိတ်ဝိဉာဉ် က တောင့်တရတဲ့ ဆန္ဒတွေမှာ ညိမ်း ဆိုတဲ့
နာမကလွဲ တခြားမရှိခဲ့ဘူး။ နာမည်ကိုထပ်တလဲလဲ ရွတ်တယ် ခင်များ ဘယ်တော့များ ကျွန်တော့်ဆန္ဒတွေကို ကျွန်တော်မပြောပြပဲသိနိုင်မှာလဲ။သံသရာကို ကြောက်ပါရက်နဲ့ တောင်းမိတဲ့ဆုတွေက
ဘဝဆက်တိုင်းခင်များနဲ့ပေါင်းရပါစေ ဆိုတဲ့
ယုန်သူငယ်ရဲ့ဆုတောင်းမျိုးတွေ။ တကယ်လို့များ
သံသရာမှာ နီးကြရင်း သွေးချင်းနီးတဲ့ဆက်ဆံရေးတွေဖြစ်ခဲ့ကြရင် အကြိမ်ကြိမ်ပြန်လွဲကြရဦးမလား။ဘယ်နေရာရာရောက်ရောက် နောက်ဆုံးပြန်လာရမယ့်
အိမ်ကအစ်ကို့အိမ်ပဲဖြစ်ရမယ်နော် တဲ့။ ဘယ်သူ့ကိုပဲချစ်ချစ် အဖိုးကြီးဖြစ်ရင်တော့ အစ်ကို့ဆီပြန်ခဲ့နော်တဲ့။
အဲ့စကားလေးတွေနဲ့ ကျွန်တော့်ကိုသတ်ပလိုက်တဲ့ အစ်ကို့ကို ပိုပိုချစ်မိတုန်းပဲ။ ဘယ်လို ဆူးတွေကြောင့်မှကြောင့်မဝေးချင်ဘူး အစ်ကိုရယ်။တကယ်လို့များ တစ်ကယ်လို့များ ခင်များနဲ့
ထပ်ဝေးခဲ့ရင်တော့ ကျွန်တော်တကယ်ရူးရလိမ့်မယ်။
ထားမသွားဘူးနော် လို့ပြောရင်း ဝေးခဲ့ကြတဲ့
ဆက်ဆံရေးတွေကို မုန်းတယ်။ မဝေးချင်ဘူး
မနာကျင်ချင်ဘူး ဆိုပြီး တွေးရင်းရူးရတယ်။ကျွန်တော့်အတွက် ခင်များ က ကျွန်တော်
အချစ်ရဆုံးသောလူတစ်ယောက်ပဲ။
နေ့တိုင်းမေတ္တာပို့တယ်။ ခင်များတစ်ယောက်
ကျန်းမာပါစေပေါ့။
YOU ARE READING
"လွမ်းနာကျန်ရစ်သူများအကြောင်း" အက်ဆေးပေါင်းချုပ်
Poetryရေးဖူးသမျှ စာတိုစာစတွေနဲ့ ကဗျာတွေ