"5"

19.1K 2.6K 207
                                    

[Zawgyi]

ဂျောင်​ဂု၏စကား​ကြောင့်​ထယ်​​ယောင်းသွား​လေရာအရပ်​သို့ လိုက်​ပြီး​စောင့်​ကြပ်​​နေရရှာတဲ့ အင်​​ဆောင်းနဲ့ဂျယ်​အင်း၊
ကိုယ်​ရံ​တော်​​တွေဖြစ်​ပါလျက်​ သူ​ဌေးအနားမှာမ​နေရဘဲ သူစိမ်းတစ်​​ယောက်​ရဲ့အ​နောက်​​ကောက်​​ကောက်​ပါ​အောင်​လိုက်​ကြည့်​​နေရပြန်​သည်

အခုလည်းနှစ်​​ယောက်​သား ကားပါကင်​တစ်​ခု​တွင်​ကားကိုရပ်​လျက်​​ ​ရှေ့က market အတွင်းမှထယ်​​ယောင်းပြန်​ထွက်​အလာကို​စောင့်​​နေကြသည်​၊
ဂျယ်​အင်းရဲ့လက်​​ချောင်းတို့သည်​ ကားစတီရာတိုင်​​ပေါ်တွင်​တစ်​လှုပ်​လှုပ်​၊
အင်​​ဆောင်းက​တော့​ဘေးခုံတွင်​​ခြေချိတ်​ထိုင်​လျက်​ပါးစပ်​ထဲကပီ​ကေအား​​ ညက်​ညက်​၀ါး​နေ​လေသည်​၊

"​ဟျောင့်​"

အင်​​ဆောင်းကပီ​ကေကိုဝါး​နေလျက်​ပင်​စကားစသည်​၊
ဂျယ်​အင်းသည်​စကားတစ်​ခွန်းမှပြန်​မ​ပြောပဲ​ခေါင်းညှိမ့်​ပြသည်
ထိုအခါအင်​​ဆောင်းကဆက်​​​ပြောသည်​၊

"အဲ့အစ်​ကိုက က​လေးတစ်​​ယောက်​အ​ဖေဆိုတာယုံလား?"

အမှန်​ဆိုဂျယ်​အင်းလည်းဒီ​မေးခွန်းအ​ပေါ်ခံစားချက်​ရှိ​နေသည်​၊
ဒါ​ပေမယ့်​ သူတို့မှာဘာသက်​​သေအ​ထောက်​ထားမှမရှိဘူး​လေ

"အဲ့ဒါငါတို့နဲ့မှမဆိုင်​တာ"

ဂျယ်​အင်းရဲ့စကားကိုအင်​​ဆောင်းကသ​ဘောမကျဟန်​မျက်​နှာထားဖြင့်​တုန့်​ပြန်​သည်​၊

သူတို့စကား​ပြော​လို့အပြီးအ​ရှေ့ကိုပြန်​ကြည့်​မိ​တော့ ထယ်​​ယောင်းသည်​အိတ်​အချို့ကိုဆွဲပြီး market ထဲမှထွက်​လာ​လေသည်​၊
အင်​​ဆောင်းနဲ့ဂျယ်​အင်းလည်းသူတို့အာရုံကိုထယ်​​ယောင်းဆီမှာပြန်​ကပ်​ထားလိုက်​သည်​၊

marketထဲမှထွက်​လာ​သောထယ်​​ယောင်း၏ပုံစံသည်​အလျင်​လို​နေသည့်​ဟန်​​ပေါ်သည်​၊
တစ်​ဖက်​ကကြည့်​ပြန်​ရင်​လည်းအလျင်​လို​နေသည်​ဆိုတာထက်​ အ​နောက်​ကတစ်​​ယောက်​​ယောက်​ပါလာသည့်​ပုံနှင့်​တူသည်​၊

NOT//KV[COMPLETED]Where stories live. Discover now