[Zawgyi]
ထယ်ယောင်းသည်အိမ်ပြန်ရောက်သည်နှင့်ဂျီဂျီလေးအားရေမိုးချိုးပေးရသည်၊
ကလေးရဲ့အဝတ်အစားတွေဘာတွေလျှော်ပေး ထမင်းဘူးတွေဆေးပေးနှင့် သူသည်သာအမေ သူသည်သာအဖေ၊သမီးငယ်ကိုတော့ရေချိုးပေးပြီးသည်နှင်စာလုပ်ခိုင်းထားလေသည်၊
ညစာအတွက်ပါအကုန်ပြင်ဆင်ပြီးခါမှ သူလည်းရေချိုးပြီးအဝတ်လဲရသည်၊
ဆင်စွယ်ရောင်ဆွယ်တာအပွလေးနှင့်မီးခိုးရောင်ဘောင်းဘီရှည်ကိုရိုးရိုးရှင်းရှင်းလေးတွဲဝတ်လိုက်ပေမယ့်
မွေးကတည်းကဘုရားသခင်ပေးစွမ်းထားသည့်ရုပ်အဆင်းအင်္ဂါပြည့်စုံမှုကြောင့် ထိရက်စရာမရှိအောင်ပင်လှလွန်းသည်၊
ဂျီဟွမ်းလေးသာသူ့အနားမှာအမြဲရှိမနေရင် သူ့ကိုကလေးအဖေမုဆိုးဖိုတစ်ယောက်ဟု မည်သူတစ်ဦးတစ်ယောက်ကမှထင်မည်မဟုတ်၊ထမင်းစားပွဲအသေးလေးပေါ်သို့ဟင်းပန်းကန်ထမင်းပန်းကန်တို့ကိုအစီအရီတင်လိုက်သည်၊
ဒီနေ့လည်း အရွက်ကြော်ပင်၊စားပွဲမှထလာပြီးသူ့သမီးလေးရဲ့အခန်းဆီထွက်လာခဲ့သည်၊
အခန်းရှေ့ရောက်သည် အခန်းထဲမှ မပီကလာပီကလာစာကျက်သံကိုကြားရသည်၊နှုတ်ခမ်းပန်းနုရောင်ထက်တွင်အပြုံးလှလှပြုံးမိပြီးနောက်
"သမီးရေ...ညစာစားကြမယ်"
ခုံပုလေးပေါ်တွင်စာအုပ်ကလေးတင်လျက်စာကျက်နေသောဂျီဂျီလေးသည် မျက်လုံးလေးအရောင်လတ်သွား၍ စာအုပ်အားချက်ချင်းပင်ပိတ်လိုက်၏
ထို့နောက်ကြမ်းပြင်ပေါ်တွင်ထိုင်နေရာမှထကာ အခန်းတံခါးအားပြေးဖွင့်လေသည်၊"ဖေဖေထယ်ထယ်...ဂျီဂျီယဲရှာကျက်ပြီးပြီ"
ထယ်ယောင်းကပြုံးပြလိုက်ပြီးဂျီဂျီလေးကိုထမင်းစားပွဲဆီလက်တွဲခေါ်လာခဲ့သည်၊
ထမင်းဝိုင်းသို့ရောက်သော်ဂျီဂျီလေးက အရွက်ကြော်ပန်းကန်ကိုမြင်ပြီး နှုတ်ခမ်းလေးမသိမသာစူမိသည်၊
ပြီးမှသူ့ကိုဟင်းကောင်းကောင်းချက်မပေးနိုင်၍စိတ်မကောင်းဖြစ်နေသောဖခင်၏မျက်နှာကြည့်မိပြီး