[Zawgyi]
ခုံတစ်လုံးပေါ်တွင်ထိုင်နေရလျက် ခြေတွေလက်တွေလည်းကြိုးပေါင်းများစွာနှင့်ချည်ခံထားရသည့် ချန်ဟော့၊
မျက်နှာတည့်တည့်ကိုကန်ခံခဲ့ရခြင်းကြောင့်သတိရလာတာတောင်လူကခေါင်းမထောင်နိုင်၊
လေးလံနေသောမျက်လုံးတွေကိုကြိုးစားကာဖွင့်ကြည့်လိုက်တော့ သူသည်အခန်းမှောင်မှောင်တစ်ခုထဲတွင်
ဖမ်းဆီးခံထားရခြင်းပင်၊နားထဲဝင်လာတဲ့ခြေသံတစ်ခုကြောင့်
ကြောက်ကြောက်လန့်လန့်ဖြင့်အသံလာရာသို့လှည့်ကြည့်သည်၊အရွယ်အစားမကြီးလွန်းမသေးလွန်းသောတုတ်တစ်ချောင်းကိုင်လျက်သူ့အနားကိုလျှောက်လာသောထိုလူသည်
ချောမောလွန်းသောမျက်နှာထက်တွင်ကြောက်မက်ဖွယ်
အငွေ့အသက်များကိုတန်ဆာဆင်ထားသည်၊
ကြည်တောက်နေသောမျက်လုံးဝိုင်းဝိုင်းတို့သည် တစ်စုံတစ်ရာကို ဖျက်စီးတော့မည့် သဏ္ဌာန်ကိုဆောင်နေသည်၊ချန်ဟော့သည်တစ်ကိုယ်လုံးတုန်လှုပ်လာလျက် သူ့ကိုကြိုးတွေနဲ့ချည်ထားသောခုံမှရုန်းနေမိသည်၊
"မင်း...မင်းကဘယ်သူလဲ?
ငါ့ကိုလွှတ်ပေး...ငါမင်းကိုဘာလုပ်လို့လဲ...ငါ..ငါတောင်းပန်ပါတယ်..ငါ့ကိုဘာမှမလုပ်ပါနဲ့"ယောက်ျားကြီးတန်မဲနှာရည်တွေမျက်ရည်တွေကျကာ သူ့ကိုဘာမလုပ်ရန်တောင်းပန်နေသောချန်ဟော့အားကြည့်ပြီး
ဂျောင်ဂုသည်ကျေနပ်စွာပြုံးလိုက်သည်၊ထို့နောက်နှုတ်ခမ်းပါးတို့မှ
"ခများဒုက္ခပေးတာကကျနော်ဆိုရင်တောင်
ခများသက်သာဦးမယ်..အခုကကျနော့်လူဖြစ်နေတော့""အားးးးးး "
ကိုင်ဆောင်လာသောတုတ်တံကို အားပါပါချိန်ရွယ်လိုက်တော့
ချန်ဟော့သည်မျက်လုံးကိုဖိမှိတ်ကာ လိပ်ပြာလွင့်မတက်အော်သည်၊
သို့သော်ဂျောင်ဂုကချိန်ရွယ်ထားသောတုတ်အားဖြေးဖြေးချင်းအောက်ကိုပြန်ချလိုက်သည်၊
![](https://img.wattpad.com/cover/252953894-288-k153288.jpg)