"24"

15K 1.6K 63
                                    

[Zawgyi]

ဒီ​နေ့​ဂျောင်​ဂုက မိသားစုလိုက်​အပြင်​ကို​လျှောက်​လည်​ကြမယ်​ဆို​သော​ကြောင့်​ မနက်​​စော​စောထပြီး ​ရေမိုးချိုးပြင်​ဆင်​​နေရသည်​။
ကျ​နော်​ကသာအ​စောကြီးနိုး​နေတာ သူကအခုမထ​သေး..။
အနည်းငယ်​ဖွာ​နေ​သောဆံပင်​များကို ကျ​နော်​ဖြီးသပ်​လိုက်​ပြီး ကုတင်​​ပေါ်သို့တစ်​ချက်​လှမ်းကြည့်​လိုက်​​တော့ ​ခေါင်းအုံး​ပေါ်ပါးကပ်​လျက်​ ​မှောက်​လျက်​ကြီးအိပ်​​မောကျ​နေ​သော သူ၊

အရင်​ကထက်​စာရင် သူ့မျက်​နှာကနည်းနည်း​လေး​ချောင်​ကျသွား​ပေမယ့်​ ကျ​နော့်​​ယောက်ျားကဘယ်​လိုကြည့်​ကြည့်​​ချော​နေတုန်းပါပင်​။
အနားကို​လျှောက်​လာလိုက်​ကာ သူ့လက်​​မောင်းကိုလှုပ်​ပြီးနှိုးလိုက်​သည်​၊

"အပြင်​သွားမယ်​ဆို...ထ​တော့​လေ"

"အင်းးး~"

သူက တအင်းအင်းသာလုပ်​​နေသည်​ ၊
အခုထိမျက်​လုံးမဖွင့်​၊
အပြင်​သွားမည်​သာ​ပြောသည်​ အမှန်​​တော့အပြင်​မှာ အနည်းငယ်​မိုးအုံ့​နေ၏၊ မရွာပါ​စေနဲ့ ပဲဆု​တောင်း​နေရသည်​။

*ပြွတ်​*

"​မောင်​...ထ​တော့ဆိုကွာ"

သူ့နှုတ်​ခမ်းကိုတစ်​ချက်​နမ်းလိုက်​ပြီး နှိုး​တော့သူကအိပ်​​နေရင်းပြုံးသည်​။ တကယ့်​ကိုအသဲယားစရာ..။

"အင်း~ ထပြီ ထပြီ
သမီး​လေးကိုသွားပြင်​​ပေးထားနှင့်​"

"အင်း"

သူ့ကို​ခေါင်းညှိမ့်​ပြခဲ့ပြီး သမီး​လေးအခန်းကိုထွက်​လာရန်​ပြင်​​တော့ သူကကျ​​နော့်​​လက်​​ကောက်​ဝတ်​ကိုလှမ်းဆွဲသည်​နှင့်

"​​မောင်​ ​ပြောစရာရှိ​သေးလို့လား?"

အခု​နောက်​ပိုင်း ကျ​နော်​သူ့ကို ​မောင်​ ဟုရဲရဲတင်းတင်း​ခေါ်တတ်​​နေပြီ၊ ဒါကလည်းသူရစ်​လွန်းအားကြီးလို့​ခေါ်ရာက​နေအကျင့်​ပါသွားတာ​ဟု​ပြောရမည်​။
တကယ်​လည်းပဲ ​မောင်​ ဆိုတဲ့နာမ်​စားကသူနဲ့လိုက်​ဖက်​လွန်းပါသည်​​လေ။

NOT//KV[COMPLETED]Where stories live. Discover now