[Zawgyi]
ဂျောင်ဂုအိမ်ပြန်ရောက်လာသည်နှင့်အင်ဆောင်းနဲ့ဂျယ်အင်းကအကြောင်းစုံတင်ပြရသည်၊
ထယ်ယောင်းကိုစကားလိုက်ပြောတဲ့သူကဘယ်လိုပုံစံ၊
ဘယ်လိုအနေအထား၊ ထို့အပြင်ထိုသူကိုမည်သို့ပြုလုပ်ခဲ့သည်ကအစတင်ပြရသည်၊ဂျောင်ဂုသည်သူပြောသလို သွေးသံတရဲရဲဖြစ်အောင်မလုပ်ခဲ့သည့်အတွက် ကိုယ်ရံတော်နှစ်ဦးအားအပြစ်တင်သေးသည်၊
အင်ဆောင်းသည်လည်းသူဌေးဖြစ်သူရဲ့စကားကိုနားမထောင်မိသည့်အတွက်တောင်းပန်ရှာပါသည်၊တင်းမာနေသောဂျောင်ဂု၏မျက်နှာသည်ဂျယ်အင်းဝင်ပြောသောစကားတစ်ခုတွင်ပြေလျော့သွားခဲ့သည်၊
"အစ်ကိုထယ်ယောင်းကသူဌေးလေးကိုကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းပြောပေးဖို့မှာလိုက်ပါတယ်သူဌေးလေး"
ဒီစကားလေးကိုအစ်ကိုကိုယ်တိုင်လာပြောပေးရင်သိပ်ကောင်းမယ်ဟုဂျောင်ဂုတွေးမိသည်၊
တွေးနေရင်းနှင့်ပင်နုနုနယ်နယ်ပန်းနုရောင်နှုတ်ခမ်းလေးနှင့်
ထိုလူသား၏မျက်နှာလေးသည်သူ့ခေါင်းထဲဝင်လာသည်၊ထိုလူသားလေးအားသိမ်းပိုက်ချင်နေလွန်းသောသူ့စိတ်ကိုသူမနိုင်၊
အခုချက်ချင်းပြေးတွေ့လာချင်သည်၊"အခုပဲအဲ့အိမ်ကိုသွားမယ်"
ဂျောင်ဂုပြောသည့်အိမ်ကထယ်ယောင်းအိမ်မှလွဲ၍တခြားမရှိ၊
အင်ဆောင်းနဲ့ဂျယ်အင်းသည်အလျင်အမြန်ပင်ခေါင်းညှိမ့်ပြကြသည်၊"ကားသွားပြင်"
"ဟုတ် သူဌေးလေး"
ဂျောင်ဂုအားအရိုအသေပေးပြီးထွက်သွားကြတဲ့ အင်ဆောင်းနဲ့ဂျယ်အင်း၊
ဂျောင်ဂုသည်လည်းဆိုဖာပေါ်မှထကာ သူ့လူသားအိမ်ကိုသွားဖို့ပြင်ရတော့သည်၊_____________NOT_____________
ထယ်ယောင်းသည်ဂျီဂျီလေးနှင့်အတူမနက်စာစားဖို့မီးဖိုချောင်ထဲတွင်အလုပ်ရှုပ်နေသည်၊
ဂျီဂျီလေးကတော့ထမင်းစား စားပွဲလေးတွင်ပုံ့ပုံ့လေးထိုင်ပြီးမနက်စာစားရန်စောင့်နေလေသည်၊
