"25"

16.2K 1.7K 25
                                    

[Zawgyi]

မှောင်​မိုက်​​နေတဲ့ညတစ်​ခု
ပြတင်းအပြင်​မှာ​တော့ မိုးကဖွဲရုံမျှ​လေးရွာ​နေသည်​၊

ထယ်​​ယောင်းသည်​​ဂျောင်​ဂုရင်​ခွင်​ထဲတွင်​နှစ်​ခြိုက်​စွာအိပ်​​ပျော်​​နေ​လေ၏၊ သို့​သော်​အိပ်​​နေတုန်းနားထဲမှာကြားလာမိတဲ့ အသံတစ်​ခု​ကြောင့်​သတိဝင်​လာပြီး ​နား​ထောင်​​နေမိသည်​၊

"အသက်​....အသက်​"

ဂျောင်​ဂုကသူ့ကိုနှိုး​နေတဲ့အသံ...၊
မျက်​လုံးဖွင့်​မကြည့်​ဘဲ​တောင်​ မိုးမလင်း​သေးမှန်းသိသည်​မို့
ထယ်​​ယောင်းပြန်​အိပ်​ရန်​ပြင်​လိုက်​​သည်​၊ သို့​သော်​ရင်​ထဲဒိန်းခနဲဖြစ်​သွား​စေတဲ့အခိုက်​အတန့်​...၊

"အသက်​...​မောင်​...​မောင်​​ခေါင်းကိုက်​တယ်
မောင့်​ကို​ဆေးယူ​ပေးပါ"

ချက်​ချင်းလန့်​နိုးသွားတဲ့ထယ်​​ယောင်း၊
အခန်းတစ်​ခုလုံးက​မှောင်​​မိုက်ေ​န၍ဘာမှသဲသဲကွဲကွဲမမြင်​ရ​သည့်​နှယ်​ ​ချွေးပြန်​​နေ​သော​ဂျောင်​ဂု၏နဖူးပြင်​သည်​မျက်​စိ​ရှေ့​တွင်​မြင်​​နေရသည်​၊

ဂျောင်​ဂုရဲ့လက်​ဖဝါးကိုဆွဲယူကတင်းတင်းကြပ်ကြပ်​ဆုတ်​ကိုင်​ထားလိုက်​ပြီး

"​ဘာ ဘာမှမဖြစ်​ဘူး ကျ​နော်​ရှိတယ်​"

"​မောင့်​ကို​ဆေးယူ​ပေးပါ"

ထယ်​​ယောင်းသည်​အလျင်​အမြန်​ပင်​ ​ဘေးကမီးအိမ်​​ကိုလှမ်းဖွင့်​လိုက်​ပြီး အံဆွဲထဲမှ​ ​ဆေးကတ်များကိုထုတ်​ယူလိုက်​သည်​၊
ဆရာဝန်​မှာထားသည့်​​ဆေးလုံးများကို ​ဆေးကတ်​ထဲမှတစ်​လုံးချင်းထုတ်​ယူ​နေသည့်​အချိန်​ အလွန်​​တုန်​ရီ​နေတဲ့ထယ်​​​ယောင်းလက်​​တွေ...။
ဆေးလုံးကိုယူပြီးသည်​နှင့်​ အသင့်​​ဆောင်​ထား​သော​ရေဘူးကိုပါ ယူပြီး​ဂျောင်​ဂုဖက်​ကိုပြန်​လှည့်​လာခဲ့သည်​။

"​ဆေး...​​ဆေးရပြီ ​မောင်​"

တစ်​ခါမှမကြုံဖူးသည့်​အ​ခြေအ​နေမျိုးဖြစ်​​သည်​​ကြောင့်
အလွန်​ပင်​​တုန်လှုပ်​ကာမျက်​ရည်​​တွေစီးကျ​နေတဲ့ထယ်​​ယောင်း၊
သူ​ကြောက်​သည်​ ဒီလူသားကိုဆုံးရှုံးရမှာကို..။

NOT//KV[COMPLETED]Where stories live. Discover now