[Zawgyi]
ခန်းမအတွင်း အစီအရီရှိနေသောစားပွဲအဝိုင်းလေးများပေါ်တွင် ပန်းအိုးလှလှလေးများကတင့်တယ်စွာနေရာယူထားသည်။
ကင်မ်နမ်ဂျွန်းနှင့် ဂျွန်ဂျောင်ဂု တို့ညီအစ်ကိုနှစ်ဦး၏မိသားစုအသိုင်းအဝိုင်းနှင့်အတူ စီးပွားရေးအသိုင်းအဝိုင်းမှမိတ်ဆွေအပေါင်းအဖော်များသည် ထိုစားပွဲတို့၌အသီးသီးနေရာယူထားကြသည်။မင်္ဂလာအခမ်းအနား...၊
ကင်မ်ဂျောင်ဂု နှင့် ကင်မ်ထယ်ယောင်း ။
ကင်မ်ဂျောင်ဂု?လူမှုရေးအသိုင်းအဝိုင်းတွင်သာမက စီးပွားရေးအသိုင်းအဝိုင်းတွင်ပါပြောစရာဖြစ်လာခဲ့သည်။
ဂျွန်ဂျောင်ဂုသည် ကင်မ်ထယ်ယောင်းကိုနဲ့လက်ထပ်ထိမ်းမြှားမှုတွင်သူ့ရဲ့မျိုးရိုးနာမည်အဟောင်းကိုပြန်သုံးခဲ့သည်။သို့သော်ဒါကိုမျိုးရိုးနာမည်အဟောင်းဟုပြောလျှင်ဂျောင်ဂုလက်မခံပါ။ ဒီမျိုးရိုးနာမည်ကိုသူ့အဖေဆီကဆက်ခံတာပဲမဟုတ်ဘဲ သူချစ်တဲ့လူသားဆီကသာဆက်ခံထားခြင်းပင်။
အမှန်ဆိုဂျွန်ထယ်ယောင်းဖြစ်ရမလားဟူသောမေးခွန်းတွေက မေးချင်စရာဖြစ်လာပြန်သည်။ဒါတွေကဘယ်လိုတွေဖြစ်နေတာလဲဆိုတာ ကာယကံရှင်ဂျောင်ဂုမှအပမည်သူမှသိမည်မဟုတ်။
ဖာသာကြီး၏ရှေ့တွင်မျက်နှာချင်းဆိုင်ရပ်နေကြပေမယ့်ထယ်ယောင်းကသူ့ကိုတည့်တည့်မကြည့်ချေ။
ပန်းနုရောင်သမ်းနေသောမျက်နှာလေးသည် မမေးရင်တောင်စိတ်မချမ်းမသာဖြစ်နေမှန်းသိသာလွန်းသည်။ဒါပေမယ့် ဂျောင်ဂုကျေနပ်ပါသည်၊
အတင်းအဓမ္မလက်ထပ်ယူခြင်းခံလိုက်ရတဲ့မည်သူမဆို
ဒီလိုပဲစိတ်ဆင်းရဲနေမည်မဟုတ်ပါလား။ကတိသစ္စာအမျိုးမျိုးကိုပြုပြီးကြသည့်နောက် လက်စွပ်အပြန်အလှန်ဝတ်ပေးလိုက်ကြသည်။
သတို့ သားနှစ်ဦးနမ်းရှိုက်ရမည့်အချိန်ရောက်လာတော့
ထယ်ယောင်းပုံစံကထွက်ပြေးတော့မည်လူပမာ။