[Zawgyi]
"နောက်တစ်ခါဒီလိုအသံမျိုးထွက်ကြည့်!!
ငါအကုန်သတ်ပစ်မှာ!!"ရုံးခန်းအတွင်းဆူညံနေတဲ့ဂျောင်ဂု၏အသံ၊
ဝန်ထမ်းအားလုံးသည်လည်း ဂျောင်ဂုရှေ့တွင်
ခေါင်းကိုယ်စီငုံ့ထားကြလျက်အသက်တောင်ပြင်းပြင်းမရှူရဲကြပေ။
အဆိုးထဲကအကောင်းဟုဆိုရပေမည်။
ဂျောင်ဂုဝန်ထမ်းထဲမှ ကုမ္ပဏီအတွင်းအချက်အလက်များအား
တခြား ကုမ္ပဏီသို့ပေးသွားသည် ဟူသောသူသည် အကြောင်းမဲ့ပေးသွားခြင်းမဟုတ်ဘဲ သူငွေလိုနေခြင်းကြောင့် ပြိုင်ဖက် ကုမ္ပဏီတစ်ခုကို အတင်းသွားရောင်းခဲ့ခြင်းဖြစ်သည်။
အဆိုးထဲက အကောင်း ဆိုသည်ကတော့ ထိုလူရောင်းခဲ့သော ကုမ္ပဏီ ကသူဌေးသည် ဂျောင်ဂုနှင့် စီးပွားရေးဆိုင်ရာပြိုင်ဖက်ဆိုပေမယ့် သူငယ်ချင်းအရင်းကြီးဖြစ်နေသောကြောင့်ပင်။
ထိုအချက်အလက်များအားသူမဝယ်လျှင် တခြားကုမ္ပဏီတွေဆီလိုက်ရောင်းနေမည်စိုး၍ ဝယ်ထားလိုက်ခြင်းဟုဆိုသည်။ အခုလည်း ထိုအချက်အလက်များကို ဂျောင်ဂုလက်ထဲပြန်ထည့်ပေးပြီးပြီဖြစ်သည်။သစ္စာဖောက်သွားသည့်သူကိုတော့ လိုက်ရှာပြီးအပြတ်ရှင်းပစ်ရန် နမ်ဂျွန်း၏လူများကိုခိုင်းပြီးလေပြီ။
တခြားစိတ်ပူစရာဘာမှမရှိတော့ပေမယ့် ဂျောင်ဂုအလွန်မှ ခေါင်းခဲသွားရသည်မှာအမှန်။
ဒေါသကိုလည်းတော်တော်ထိန်းထားရသည်။"ငါပြောတာ ကြားလား!!"
"""ဟုတ် ဟုတ် ကြားပါတယ် သူဌေးလေး"""
"အကုန်ကိုယ့်အလုပ်ကိုယ်သွားလုပ်တော့!!"
ထို့နောက်ဝန်ထမ်းအားလုံး ရုံးခန်းထဲမှအလျှိုလျှိုထွက်သွားကြတော့သည်။
ဂျောင်ဂုလည်း ခုံပေါ်ကိုမှီချလိုက်ပြီး မျက်လုံးကိုမှိတ်ကာ အသက်ပုံမှန်ပြန်ရှူနေရသည်။
ဒေါသထွက်လွန်း၍လားမသိ...ခေါင်းတွေအင်မတန်မှကိုက်နေသည်။
