"23"

16.9K 1.7K 167
                                    

[Zawgyi]

ဆရာဝန်​နှင့်​တိုင်​ပင်​ပြီး စစ်​​ဆေးကြည့်​​တော့ထယ်​​ယောင်းက ကိုယ်​ဝန်​လွယ်​နိုင်​​လောက်​မည့်​အချက်​အလက်​အများစုနဲ့ကိုက်​ညီ​နေခဲ့သည်​...၊
သူတို့နှစ်​​ဦးစလုံးအလွန်​​ပျော်​သွားရ၏
ဒါကသိပ်​​ကောင်းသည့်​အခိုက်​အတန့်​​လေးပင်​မဟုတ်​ပါလား

ထယ်​​ယောင်းသည်​ သူချစ်​​သော​ယောက်ျား၏​ပျော်​ရွှင်​မှု​လေးကိုသယ်​​ဆောင်​​ပေးနိုင်​​တော့မည်​ဖြစ်​၍အလွန်​မှကြည်​နူးကာဝမ်းသာ​ရသလို တစ်​ဖက်​မှာလည်းအခက်​အခဲတစ်​ခုခုရှိ​နေမှာကို​တွေးပူ​နေမိပါသည်​။

_____________NOT_____________

ဂျီဟွမ်း​လေးရဲ့အခန်းအတွင်း၌ စကားသံအချို့..။
ဂျောင်​ဂုကဂျီဂျီ​လေးကို လမ်း​လျှောက်​​လေ့ကျင့်​​ပေးပြီး​နောက်​ ​ပေါင်​​ပေါ်တင်​ကာစကား​ပြော​နေခြင်းပင်​၊

"​မောင်​​လေးလိုချင်​လား ညီမ​လေးလိုချင်​လား"

"ဘာ​ယေးဖြစ်​ဖြစ်​ ဂျီဂျီအရမ်း​ပျော်​တယ်
ဟီးဟီးး ဒါချိုဂျီဂျီကမမဖြစ်​​တော့မှာ​ပေါ့"

အချို့က​လေး​တွေဆို မိမိထက်​ပိုချစ်​ခံရမည်​စိုးကာ ​မောင်​​တွေ ညီမ​တွေ မလိုချင်​ကြ​ပေမယ့်​ ဂျီဂျီ​လေးကစိတ်​ထားလှလွန်းပါသည်​၊
အစ်​မဖြစ်​ရ​တော့မည်​ဆိုကာ သွား​သေး​သေး​လေးများကိုစိပြီးပြုံး​နေပုံ​လေးက တကယ်​ကိုချစ်​စရာ​လေးပင်​၊

ဂျီဂျီ​လေးက ထယ်​​ယောင်းသမီးအရင်း​လေးမဟုတ်​​ပေမယ့်​ ရီလိုက်​တဲ့အခါတိုင်း ထယ်​​ယောင်းနှင့်​အနည်းငယ်​​လေးဆင်​သွားတတ်​သည်​၊
ဒီအချက်​​လေး​ကြောင့်​​ပဲ ​ဂျောင်​ဂုကိုယ်​တိုင်​ကလည်း ဂျီဟွမ်း​လေးကိုထယ်​​ယောင်းရဲ့သမီးအရင်းဟုထင်​မိခဲ့​ခြင်းပင်​။

စကား​ကောင်း​နေ​သောသားအဖနှစ်​​ယောက်​။

ခဏ​နေ​တော့ထယ်​​ယောင်းလည်းအခန်းထဲဝင်​လာခဲ့သည်

"​ဖေ​ဖေ"

"အင်း ​ဖေ​ဖေ့ဂျီဂျီ​လေး"

ထယ်​​ယောင်းက ​ဂျောင်​​ဂု​ဘေးတွင်​ ဝင်​ထိုင်​လိုက်​ပြီး ဂျီဟွမ်း​လေးကိုသူ့ကိုယ်​​ပေါ်​ချီတင်​ရန်​ပြင်​သည်
သို့​သော်​​ဂျောင်​ဂုက က​လေးကိုအတင်းဖက်​ထားကာလွှတ်​​မ​ပေး​ချေ။

NOT//KV[COMPLETED]Where stories live. Discover now