"17"

18.9K 2.2K 96
                                    

[Zawgyi]

ည​ဖက်​ကြီးထွက်​ခဲ့ကြသည်​​ကြောင့်​ ​နေ့ခင်းဖက်​​တွေလိုကားဟွန်းသံဆူဆူညံညံလည်းမကြားခဲ့ရသလို ​​နေပူဒဏ်​နှင့်​ ကားထဲ​လှောင်​​ပိတ်​​နေခဲ့ခြင်းလည်းမဖြစ်​ခဲ့၊
ဂျောင်​ဂုကပုံစံဆို ညဖက်​ခရီးသွား​တတ်​သူမဟုတ်​​သော်​လည်း
နေ့ခင်းဖက်​သွားရင်​ဘယ်​လိုဒဏ်​​တွေခံရတယ်​ဆိုတာ​ကောင်း​ကောင်းသိ​သော​ကြောင့်​ သူချစ်​​သော​ယောက်ျား​အေး​အေးချမ်းချမ်းလိုက်​ပါနိုင်​ရန်​အ​ရေး ညဖက်​ထွက်​လာခဲ့လိုက်​ခြင်းဖြစ်​​သည်​၊

ဆိုးလ်​မှဘူဆန်​သို့​လေယာဉ်​နှင့်​လာလျှင်​ပိုမြန်​​သော်​လည်းမိသားစုလိုက်​ခရီးထွက်​​သောခံစားချက်​​လေးကိုသိချင်​၍ကားနှင့်​ပင်​သွားရန်​​ဂျောင်​ဂုစီစဉ်​ခဲ့ခြင်းပင်​။

အစ်​ကိုသည်​သမီးငယ်​ကိုသူ့​ပေါင်​​​ပေါ်တင်​လျက်​ ကားပြတင်း​ပေါက်​မှဝင်​လာ​သော​လေ​အေး​အေးတို့ကိုမျက်​လုံး​လေးမှိတ်​ပြီးခံစား​နေသည်​။သမီးငယ်​က​တော့အစ်​ကို့ရင်​ခွင်​ထဲနှစ်​နှစ်​ခြိုက်​ခြိုက်​အိပ်​​ပျော်​​နေ​လေပြီ၊
ညချမ်းကိုအ​ဖော်​ပြု​နေ​သည့်​လ​ရောင်​ဝင်းဝင်းသည်
အစ်​ကို့ပါးပြင်​​လေးများကိုကျီစယ်​​နေ​လေရဲ့၊
ဒါကိုကျ​နော်​ကသဝန်​တိုမိပါသည်​ ဒီပါးပြင်​​လေးများကကျ​နော်​နမ်းသည့်​​နေရာပင်​မဟုတ်​ပါလား
အသင်​လမင်းသည်​ကျ​နော့်​ခွင့်​ပြုချက်​ပင်​မ​တောင်း၊
ကျ​နော်​ပိုင်​​သောအရာကိုများရာရာစစ။

ကျ​နော်​ကအစ်​ကိုနဲ့ပတ်​သတ်​ရင်​တစ်​ခါတစ်​​လေ လူကြမ်းကြီးဖြစ်​သွားတတ်​​ပေမယ့်​ တစ်​ခါတစ်​​လေ​တော့က​လေးဆန်​တတ်​ပါသည်​။
က​လေးတစ်​​ယောက်​ကသူပိုင်​တဲ့အရာကို သက်​ရှိသက်​မဲ့မည်​သည့်​အရာကမှလာထိတာမျိုးကိုမနှစ်​သက်​သလို​ပေါ့၊

"အစ်​ကို....ကားမှန်​တင်​ထားလိုက်​ပါလား
အေးတယ်​အစ်​ကိုရဲ့"

အစ်​ကိုဝတ်​ထားသည့်​အင်္ကျီကခပ်​ပါးပါး​လေးဆို​တော့ ​အေးရာက​နေ စိမ့်​လာမည်​ကို​ကြောက်​ရသည်​၊
လေ​အေး​ကြောင့်​ဖျားလျှင်​စိုးရိမ်​ရတတ်​သည်​​လေ၊

NOT//KV[COMPLETED]Where stories live. Discover now