[Zawgyi]
မနက်စာအတွက်ထမင်းဝိုင်းဆီလာခဲ့တော့
မိသားစုဝင်စုံစုံလင်လင်ကစောင့်ကြိုနေကြသည်။
နမ်ဂျွန်းနဲ့ဂျယ်အင်းလည်းရောက်နေလေပြီ။ဂျောင်ဂု တို့ရောက်ပြီး 1နာရီလောက်အကြာတွင်နမ်ဂျွန်းတို့ပါရောက်လာခဲ့သည်။
သူတို့ကအိပ်ပျော်သွားကြသည်မို့မသိလိုက်ခြင်းပင်။
မနက်စာစားသည့်စားပွဲဆိုလို့ ဆိုးလ်မှာလိုမျိုး ခုံတွေဘာတွေနဲ့ထိုင်စားကြသည်မဟုတ်ဘဲ စားပွဲကျယ်ကျယ် ပုပုလေး၏ဘေးတွင်ဝိုင်းဖွဲ့ကာကြမ်းပြင်ပေါ်ထိုင်စားကြခြင်းဖြစ်သည်။
စားပွဲဆီရောက်ရောက်ချင်း သူ့သမီးငယ်ကိုလိုက်ရှာနေမိသည့်ထယ်ယောင်း။
ပြီးမှသူ့သမီးကယူဂန်းရင်ခွင်ထဲမှာရှိကြောင်းတွေ့လိုက်ရသည်၊"အစ်ကိုနမ်ဂျွန်းတို့ရောက်နေပြီပဲ"
နမ်ဂျွန်းက ဂျောင်ဂုကိုပြုံးကာခေါင်းညှိမ့်ပြသည်
"အဖိုးနဲ့အဖွား မင်္ဂလာပါဗျ"
ဂျောင်ဂုသည်အဖွားရဲ့ဘေးတွင်ဝင်ထိုင်လိုက်ပြီး အဖိုးနဲ့အဖွားကိုတရိုတသေနှုတ်ဆက်သည်၊
ထယ်ယောင်းကလည်းဂျောင်ဂုရဲ့ဘေးတွင်ထိုင်ကာ
ခေါင်းငုံ့ အရိုအသေပေးပါသည်။"အမလေး....ငါ့မြေး ယုန်ပေါက် ထွားလိုက်တာကွယ်"
အဖွားက သူ့မြေးဂျောင်ဂု၏ပုခုံးတို့အားကိုင်တွယ်ကာ တုန်ယင်နေသောအသံတို့ဖြင့်ဆိုလေရဲ့၊
ဂျောင်ဂုကသူ့အဖွားပြောသည့်အတိုင်း ယုန်ပေါက်လေးတစ်ကောင်သဖွယ်အပြစ်ကင်းကင်းပြုံးသည်။
ဒါကမြင်တောင့်မြင်ခဲ မြင်ကွင်းတစ်ခု။ကုမ္ပဏီကြီးတစ်ခုကိုဦးစီးဦးဆောင်ပြုရင်း
မိသားစုမှာလည်းအိမ်ထောင်ဦးစီးဖြစ်သူဂျောင်ဂုက
သူ့ဆွေမျိုးတွေကြားမှာတော့ ယုန်ပေါက်ကလေးတစ်ကောင်အဖြစ်သာတည်ရှိနေသေးသည်။
တီရှပ်အဖြူလေးကို ဘောင်းဘီရှည်အနက်ထဲထည့်ကာ ဝတ်လျက် အဖွားဖြစ်သူဘေး ကျုံ့ကျုံ့လေးထိုင်ပြီးပြုံးပြနေသောဂျောင်ဂုသည် ထယ်ယောင်းမျက်လုံးထဲတွင် အကြည်ဓာတ်လေးပင်။
ကြောက်ဖို့လည်းကောင်းသလို ချစ်ဖို့လည်းကောင်းတဲ့
စွယ်စုံရ သူ့အမျိုးသား။
