[Zawgyi]
ကျနော်တို့ဘူဆန်မှပြန်လာပြီး တစ်ပတ်လောက်နေတဲ့အထိ ဂျောင်ဂုကနေကောင်းကောင်းမကောင်းသေးချေ၊
တခြားတော့မဟုတ်...အခုတစ်လော ခဏခဏခေါင်းကိုက်သည်တဲ့လေ...၊
သမီးလေးကိုတော့ဆေးခန်းပုံမှန်ပြဖြစ်ပါသည်။ဆရာဝန်ကပြောသည့်အတိုင်း ဂျီဟွမ်းလေးကိုwheelchairပေါ်မှာပဲမထားဘဲ တွဲပြီးလမ်းလျှောက်ပေးဖြစ်သည်။
ကလေးကခြေထောက်ကိုပဲထိထားတာဖြစ်ပြီး တခြားဘယ်ကိုမှကြီးကြီးမားမားထိခိုက်မထားသည်ကြောင့်ပြန်ကောင်းနိုင်ဖို့အလားလာအများကြီးရှိသည်တဲ့လေ။ဂျောင်ဂုကလည်း ကုမ္ပဏီကအမြဲစောစောပြန်လာတတ်သည်ကြောင့် ညနေစောင်းလျှင်မိသားစုလိုက်လေး ခြံထဲသို့လမ်းဆင်းလျှောက်ဖြစ်သည်။
ညီလေးအင်ဆောင်းတို့ ဂျယ်အင်းတို့ပြောတဲ့အတိုင်းဆို သူကကလေးမချစ်တတ်ဘူးတဲ့၊
ကျနော်တော့မထင်မိချေ...အခုနောက်ပိုင်းဆို ဂျီဂျီလေးက
ကျနော့်ထက်တောင် သူ့ကိုပိုခင်တွယ်နေသလိုပင်။သူကလည်းချစ်လိုက်တာမှပြောမနေနဲ့...၊
သမီးလေး သမီးလေးနှင့် ပိုကိုပိုလွန်းသည်
ဒါတောင်မွေးစားသမီးမို့လို့ပင်။အကယ်၍သားသမီးအရင်းသာရှိခဲ့ရင်
ဘယ်လိုတောင်နေမလဲ မသိ။
ဒါပေမယ့်ဒါကမဖြစ်နိုင်ဘူးလေ...၊_____________NOT_____________
"အဲ့နေ့ကဆို ကျနော့်ကိုလှမ်းဖက်သေးတာ"
"ဘယ်နားကိုလဲ?"
"ခါး....ခါးကို"
"တောက်!"
အမှောင်ထုကိုဖြိုခွင်းထားသော လရောင်သည်ကောင်းကင်၌ ထိန်ထိန်သာလျက်။
ပိတ်မထားမိသောကျနော်တို့အခန်းပြတင်းပေါက်လေးမှတစ်ဆင့် အခန်းအတွင်းထိပင် ကွန့်မြူးနေသည်။
မီးဖွင့်ထားခြင်းမရှိသည့် ဤအခန်းလေးထဲ ထိုလရောင်လေးက ရတနာတစ်ပါးပေါ့လေ၊