[Zawgyi]
ကျောင်းဆင်းချိန်ကနီးပြီဖြစ်၍စာသင်ခန်းအတွင်းရှိ
ကလေးငယ်များသည်ဂနာမငြိမ်၊
ထိုကလေးများထဲတွင်ဂျီဂျီလည်းအပါအဝင်ပေါ့၊"စာအုပ်တွေသိမ်းထားကြတော့ ကျောင်းဆင်းတော့မယ်"
ဆရာမ၏စကားအတိုင်းကလေးတွေကစာအုပ်တွေသိမ်းလိုက်ကြသည်၊
ကျောင်းဆင်းဖို့ကတော့၁၀မိနစ်၁၅မိနစ်လောက်လိုသေးသည်၊သို့သော်ကျောင်းဆင်းခါနီးအချိန်တွင်ရုတ်ရုတ်သဲသဲဖြစ်စေသောကိစ္စတစ်ခုဖြစ်သွားခဲ့သည်၊
ဒါကတော့ အနက်ရောင်ဝတ်စုံဖြင့်လူနှစ်ဦးသည်စာသင်ခန်းထဲသို့ရောက်လာခြင်းပင်၊
ဆရာမလည်းတစ်ခါမှမမြင်ဖူးသောသူများဖြစ်၍ခပ်လန့်လန့်ရယ်၊"ဘာကိစ္စများရှိလို့ပါလဲရှင်...ကျွန်မကဒီအခန်းရဲ့အတန်းပိုင်ဆရာမပါ"
ကလေးတွေကလည်း တိတ်ဆိတ်စွာကြည့်နေကြသည်၊
ဂျီဂျီလေးကဒီလူနှစ်ယောက်ကိုသိသော်ငြား
ဘာမှမပြောဘဲဒီတိုင်းလေးသာငြိမ်နေသည်၊ဟန်အင်ဆောင်းနဲ့ပတ်ဂျယ်အင်း။
ဂျယ်အင်းသည်ထိုင်ခုံတွေပေါ်တွင်ငြိမ်ငြိမ်လေးထိုင်နေသောကလေးတွေထဲသို့ဝေ့ဝိုက်ကြည့်လိုက်သည်၊
ထို့နောက်"ကင်မ်ဂျီဟွမ်း"
ပြောသာပြောလိုက်ရသည် နာမည်မှားနေမှာစိုးလို့အင်ဆောင်းမျက်နှာကိုလည်းပြန်လှည့်ကြည့်ကာအရိပ်အကဲကြည့်ရသေးသည်၊
ဆရာမကဂျီဂျီလေးကိုတစ်ချက်ကြည့်လိုက်ပြီး ဂျယ်အင်းတို့ဖက်သို့ပြန်လှည့်ကာ
"ဟုတ်...ဂျီဟွမ်းလေးကဘာဖြစ်လို့လဲရှင့်"
"အာ...ကျနော်တို့ကသူ့ကိုလာကြိုတာပါ
ကျောင်းကလည်းဆင်းတော့မှာဆိုတော့ စောစောလွှတ်ပေးလိုက်လို့ရတယ်မလားခမျ"