[Zawgyi]
ဖော်မပြတတ်စွာပေါ်ပေါက်လာသောခံစားချက်တစ်ခုကြောင့်
ဒီလူသည်သူပိုင်သောအမျိုးသားဖြစ်ကြောင်းထုတ်ဖော်ပြသချင်လာသည်။
'မောင်ကလေ မောင့်ကိုလေ 'ဆိုကာ အနားမှာဖားပျံကပ်သလိုကပ်နေတတ်သည့် ဤယောက်ျားသည် သူ့အပိုင်ဖြစ်သည်ဟူသော ခံစားချက်သည် ထိန်းမနိုင်သိမ်းမရဖြစ်ပွားနေသည်၊
သူ့ကိုဘယ်လိုနည်းနဲ့ပဲလက်ထပ်ခဲ့ပါစေဦးတော့၊
ဤအိမ်ထောင်ရေးတွင်အချစ်ဟူသည့်အရာကမသေချာသေးရင်တောင် အနည်းဆုံးတော့ကိုယ်လက်နှီးနှောပြီးသော အကြင်လင်မယားတွေပင်မဟုတ်ပါလား၊"မောင်.....ပြန်ကြမယ်"
တအံ့တသြဖြစ်သွားသောဂျောင်ဂုမျက်နှာအားထယ်ယောင်းကလျစ်လျူရှုထားကာခပ်တည်တည်ပင်၊
"ရော့....ကလေးကိုချီ"
တစ်ဖန် ဂျီဟွမ်းကိုပါ ဂျောင်ဂုလက်ထဲထိုးပေးပြီး သူကကားထဲဝင်ရန်လုပ်သည်။
တစ်မျိုးကြီးဖြစ်နေသောခံစားချက်ကြောင့်ယူဂန်းကတော့ ပြီတီတီမျက်နှာပေးဖြင့်သာကြည့်နေသည်။"နေပါဦးအစ်ကိုရဲ့...ကျနော်မိတ်ဆက်ပေးဦးမယ်လေ"
ကားထဲဝင်ခါနီးထယ်ယောင်းကိုဂျောင်ဂုကစကားနှင့်လှမ်းတားသည်၊ ထိုနှင့်ပဲထယ်ယောင်းလည်းကားထဲမဝင်တော့ဘဲ နောက်သို့ပြန်လှည့်လာခဲ့သည်။
"မဂၤလာပါခမ်"
"ဟုတ္ကဲ့ မဂၤလာပါ "
ယူဂန်းကပြုံးပြုံးလေးနှုတ်ဆက်တော့ ထယ်ယောင်းကလည်းပြုံးပြကာပြန်နှုတ်ဆက်ပါသည်၊
ဂျောင်ဂုသည်ဂျီဟွမ်းအားအသေအချာချီလိုက်ရင်း
စကားဆိုလာသည်၊"ဟိုကောင်....ဒါငါ့သမီးကင်မ်ဂျီဟွမ်းဆိုတာလေ"
ထိုအခါဂျောင်ဂုလည်ပင်းကိုဖက်ပြီးမှီထားသောဂျီဟွမ်းလေးသည်ယူဂန်းဖက်ကိုလှည့်ကြည့်ကာ သွားသေးသေးလေးများပေါ်သည်အထိရီပြသည်၊