[Zawgyi]
သူ့ကိုအိမ်ပြန်ခေါ်လာပြီး ခဏကြာတော့သူသတိရလာခဲ့သည်၊
အစ်ကိုနမ်ဂျွန်းက သူ့အား'သက်သာရဲ့လား ?'
'ဆေးရုံသွားမလား?'စသဖြင့်စိုးရိမ်တစ်ကြီးမေးပေမယ့် သူကငြင်း၏...။
သူသက်သာပါတယ်တဲ့လေ၊ ထို့နောက်အစ်ကိုနမ်ဂျွန်းကသူ့အခန်းသူပြန်သွားခဲ့သည်။ငိုတော့မည့်လူပမာ စိုးရိမ်ထိတ်လန့်နေသောကျနော့်ကိုရင်ခွင်ထဲပွေ့ဖက်ကာ စိတ်မပူတော့ဖို့ ပြောတဲ့ သူ၊
"မောင်ဘာမှမဖြစ်တာမို့ စိတ်မပူနဲ့တော့ ၊
ဟုတ်ပြီလား သက်ငယ်"ကိုယ့်လင်ယောက်ျားတစ်ယောက်လုံးမူးလဲတာကို စိတ်မပူဘဲနေနိုင်ရလောက်အောင် ကျနော်ဆိုတဲ့ကင်မ်ထယ်ယောင်း အသည်းမမာနိုင်ချေ။
သူ့ရင်ဖက်ကိုခပ်နာနာလေးထုကာ အပြစ်တင်လိုက်ပါသည်၊"ဘယ်လိုလူမျိုးကကိုယ်ချစ်တဲ့သူကိုဒီလိုအခြေအနေမျိုးမှာစိတ်မပူဘဲနေနိုင်မှာလဲ?" လို့လေ၊
ထိုအခါသူက ခပ်ဟဟရယ်ကာ ကျနော့်နှုတ်ခမ်းတွေကို တယုတယနမ်းရှိုက်သည်။
ကျနော်လည်းပဲ ကျနော့်မျက်လုံးများကိုဖြေးညှင်းစွာမှိတ်ချလိုက်ရင်း သူ့အနမ်းတွေကိုပြန်လည်တုန့်ပြန်လိုက်ပါသည်၊အင်း........။
အဲ့လိုမျိုးလေးသာဆိုကောင်းမယ်၊
ဟုတ်ပါရဲ့ ထိုသို့ဖြစ်ပျက်လာခဲ့ရင်သိပ်ကောင်းမှာ။အိမ်ပြန်ခေါ်လာပြီးအတော်ကြာတဲ့အထိသတိလည်မလာတဲ့သူ့ကြောင့် အစ်ကိုနမ်ဂျွန်းနဲ့အတူဆေးရုံသို့ခေါ်လာခဲ့ရတော့သည်။
သမီးငယ်ကအိပ်နေတုန်းဖြစ်လို့အိမ်အကူတစ်ယောက်နှင့်အပ်ထားခဲ့လိုက်သည်၊ကျနော့်ရင်တွေအလွန်မှပူရပါသည်၊
သူအခုထိသတိမရသေးဘူးလေ၊
မျက်ရည်တွေနဲ့စိုရွှဲနေသောကျနော့်ကို အစ်ကိုနမ်ဂျွန်းကနှစ်သိမ့်ပေးရှာပါသည်။
ကျနော့်ကိုနှစ်သိမ့်နေသောအစ်ကိုနမ်ဂျွန်းက ကျနော့်ရှေ့မှာမို့အဆင်ပြေသလိုနေပြနေတာလို့ ကျနော်ထင်နေမိသည်။