"13"

19.2K 2.4K 176
                                    

[Zawgyi]

ထယ်​​ယောင်းတစ်​​ယောက်​မျက်​နှာ​သစ်​ တစ်​ကိုယ်​​ရေသန့်ရှင်း​ရေးလုပ်​ပြီး ​အောက်​ထပ်​သို့ဆင်းလာခဲ့သည်​၊
ဂျီဂျီ​လေးကအိပ်​​နေတုန်းမို့သူ့မှာအလုပ်​မရှိဖြစ်​​နေ၏

အောက်​ထပ်​ကို​ရောက်​​တော့ မီးဖို​ချောင်​ဖက်​ကိုခဏထွက်​လာခဲ့လိုက်​သည်​။
မီးဖို​ချောင်​ထဲ​ရောက်​​တော့ အလုပ်​​ရှုပ်​​နေတဲ့ အမျိုးသမီးသုံးဦးကို​တွေ့သည်​။

သုံးဦးစလုံးကသူနဲ့ဆိုအစ်​မအရွယ်​​လောက်​သာရှိကြဦးမည်​။
အရင်​ကလည်းမီးဖို​ချောင်​အလုပ်​ကလုပ်​​နေကျဆို​တော့ ဝင်ကူချင်​စိတ်​​ပေါက်​လာကာ ထိုအမျိုးသမီးသုံးဦးအနား​လျှောက်​လာခဲ့လိုက်​သည်​။
တစ်​​ယောက်​ကအသီးအရွက်​အချို့ကိုလှီး​နေကာ ကျန်​တစ်​​ယောက်​ကပန်းကန်​​စင်​ကိုသန့်​ရှင်းလုပ်​ ​နောက်​တစ်​​ယောက်​ကဟင်းတစ်​မျိုးမျိုးချက်​​နေပုံရသည်​။

"အစ်​မတို့...ဘာဟင်းချက်​​နေကြတာလဲ"

သြရှရှအသံ​လေးနှင့်​​ပြောလိုက်​​တော့ သုံးဦးစလုံးက
ထယ်​​ယောင်းကိုလှည့်​ကြည့်​ပြီး

"အစ်​ကို​လေး...ဘာလိုလို့လဲ​ပြောပါ...မနက်​စာဆိုရင်​​တော့ခဏ​လေး​စောင့်​​ပေးပါ​နော်​"

ပန်းကန်​စင်​သန့်​ရှင်းလုပ်​​နေတဲ့အစ်​မက​ပြောသည်
ထယ်​​ယောင်းက​ခေါင်း​လေးခါပြကာ

"ဘာမှမလိုပါဘူးဗျာ...ကျ​နော်​ဘာကူ​ပေးရမလဲလို့"

ထယ်​​ယောင်းရဲ့အ​ပြောအားထိုအစ်​မသုံး​ယောက်​က တစ်​​ယောက်​မျက်​နှာတစ်​​ယောက်​ကြည့်​ကာ ပြုံးသည်
ထို့​နောက်​ခုနကအစ်​မကပဲထပ်​​ပြောသည်

"​နေပါ​စေအစ်​ကို​လေးရယ်​....​တော်​ကြာ ကျွန်​မတို့အလုပ်​ပြုတ်​​နေပါ့မယ်​"

ထယ်​​ယောင်းသည်​နားမလည်​စွာနှုတ်​ခမ်း​လေးအနည်းငယ်​ဆူထွက်​လာသည်​။
ထို့​နောက်

"ကျ​နော်​လည်းသမီး​လေးအိပ်​​နေ​သေး​တော့ ပျင်းတာနဲ့.."

NOT//KV[COMPLETED]Where stories live. Discover now