[Zawgyi]
နံနက်စာစုံစုံလင်လင်ပြင်ဆင်ထားသော စားပွဲတစ်ခု။
နမ်ဂျွန်းသည် စားပွဲ၏ထိပ်တွင်ထိုင်နေ၍ ဂျီဂျီနဲ့ထယ်ယောင်းကဘေးချင်းကပ်ရပ်ထိုင်နေကြသည်၊
ဂျောင်ဂုကတော့ ထယ်ယောင်းနှင့်မျက်နှာချင်းဆိုင်နေရာတွင်ထိုင်ရင်း တိတ်ဆိတ်စွာပင်။စကားတစ်ခွန်းမှမဟဘဲငြိမ်နေတဲ့ လူကြီးသုံးဦးကြောင့် ကြားက ကလေးကအနေခက်ရရှာသည်။
သို့သော်ဗိုက်ဆာသည့်စိတ်ကြောင့် ရေငုံနှုတ်ပိတ်မနေနိုင်တော့သည့်အဆုံး"ဖေဖေ..ဂျီဂျီဗိုက်ရှာနေပြီ"
ထယ်ယောင်းသည် ဤစားပွဲတွင်ထိုင်နေသော အကြီးဆုံးဖြစ်သူ နမ်ဂျွန်းအရင်စားခြင်းကိုစောင့်နေခြင်းပေ၊
သို့သော် သူ့သမီးကဒီလိုပြောလာလေပြီ။"ခဏလေးစောင့်ဦးလေ ဂျီဂျီလေးရဲ့
ဒီဦးဦးနှစ်ယောက်အရင်စားပါစေဦး"အိမ်၏လူကြီးတစ်ယောက် နှင့် အိမ်ထောင်ဦးစီး အပေါ်လေးစားသမှု ရှိသောထယ်ယောင်းကို နမ်ဂျွန်းစိတ်ထဲမှချီးကျူးမိပါသည်။
ဒီကောင်လေးက လူဆင်းရဲသော်လည်း ကိုယ်ကျင့်တရားနှင့် အသိအလိမ္မာကမဆင်းရဲသကိုး။နမ်ဂျွန်းကသူ့ပါးမှပါးချိုင့်တို့ပေါ်သည်အထိပြုံးလိုက်ပြီး
"တူလေးကဗိုက်ဆာနေတာပဲ
ကလေးကိုကျွေးလိုက်ပါ "ဤအခြေအနေတွင် စိတ်အခြေအနေမဟန်သူကဂျောင်ဂု။
ဦးဦးနှစ်ယောက်ဟုသုံးလိုက်သော အသုံးအနှုန်းကို
သူမကျေနပ်။
သူသည်ထယ်ယောင်းကိုလူသိရှင်ကြားလက်ထပ်ယူထားသည့်လူတစ်ဦးဖြစ်သည့်အပြင် လက်မထပ်ရသေးခင်အချိန်ကတည်းက ထယ်ယောင်းရဲ့ခန္ဓာအနှံ့ နှုတ်ခမ်းမလပ်စေခဲ့သူ။
သူသည် ထယ်ယောင်းရဲ့ယောက်ျား။
ထို့ကြောင့်လွယ်ကူသောအသုံးအနှုန်းမျိုးသူ့အပေါ်မသုံးနှုန်းစေချင်တော့။