"14"

18.9K 2.3K 140
                                    

[Zawgyi]

မျက်​စိနှစ်​ဖက်​ဖွင့်​​လေ​တော့ အိပ်​ရာ​ပေါ်တွင်​ကိုယ်​တစ်​​ယောက်​တည်းသာရှိ​တော့သည်​။
ညက​တော်​​တော်​နဲ့အိပ်​မ​ပျော်​၍ညဉ့်​နက်​မှအိပ်​မိသည်​​ကြောင့်
အိပ်​ရာထ​နောက်​ကျတာဖြစ်​မည်​၊
အိပ်​ရာ​ပေါ်မှထထိုင်​လိုက်​​တော့ ​ရေချိုးခန်းဆီက​ရေကျသံကြားသည်​။ဂျောင်​ဂုကုမ္ပဏီသွားဖို့ပြင်​​နေတာဖြစ်​မည်​၊

တွေးမိခါမှဒီ​နေ့က​လေးကို​ဆေးခန်းသွားပြရမှာသတိရသည်​၊
မ​နေ့ညထဲက​ဂျောင်​ဂုကို​သတိ​ပေးဖို့လုပ်​​နေတာ သူကိုယ်​တိုင်​က​မေ့​နေမိသည်​။
ဂျောင်​ဂု​ရေချိုးခန်းထဲကထွက်​လာမှ​ပြောရမည်​။

ငါးမိနစ်​​လောက်​ကြာ​သော်​​​​ရေချိုးခန်းတံခါးပွင့်​လာသည်​။
ကြည့်​လိုက်​မိ​တော့ ​ခါး​အောက်​ပိုင်းကိုသာပုဝါစည်းထား​သော​ဂျောင်​ဂုပုံစံ​ကြောင့်​ မျက်​နှာပြန်​လွှဲမိသည်​။

ဂျောင်​ဂုသည်​ မိမိအားကြည့်​ပြီး ​ဘေးဖက်​သို့မျက်​နှာ​လွှဲသွား​သော​ဆံပင်စုတ်ဖွားနဲ့ေ​​ကာင်​​လေး​ကြောင့်​ရီချင်​စိတ်​ကိုမနည်းထိန်းထားရသည်​။
ဘယ့်​နှယ်​...၊ ကိုယ်​လည်း​ယောက်ျား သူလည်း​ယောက်ျားဖြစ်​တဲ့အပြင်​ တရားဝင်​လက်​ထပ်​ယူထားတဲ့အကြင်​လင်​မယား​တွေပဲဟာ၊ မရှက်​သင့်​တာရှက်​ရတယ်​လို့။
မမြင်​ဖူးတာလည်းမဟုတ်​၊

"အစ်​ကိုနိုးပြီလား?"

ရင်​ဖက်​နှင့်​လည်​ပင်း​ပေါ်ရှိေ​ရစက်​တို့အား ပုဝါ​နောက်​တစ်​ထည်​နှင့်​သုတ်​ရင်း အနားကို​လျှောက်​သွားလိုက်​သည်​။

"အင်း....နိုးပြီ"

ထယ်​​ယောင်းပုံစံကြည့်​ရတာ သူ့ကို​ပြောစရာရှိ​နေတဲ့ပုံ​ပေါက်​​နေပါလျက်​ သူ့မျက်​နှာကိုတည့်​တည့်​ပင်​မကြည့်​။တကယ်​အသဲယားဖွယ်​၊

"​မောင့်​ကို​ပြောစရာရှိတယ်​ထင်​တယ်​၊
မျက်​နှာအရင်​သွားသစ်​​လေ "

"အခု...အခု​ပြော"

လူကိုတည့်​တည့်​မကြည့်​ဘဲ အထစ်​ထစ်​အ​ငေါ့​ငေါ့​နဲ့​ပြောပြန်​သည်​၊

NOT//KV[COMPLETED]Where stories live. Discover now