[Zawgyi]
နေ့ရက်ပေါင်းများစွာကို တစ်နေ့ချင်းဆီရင်ဆိုင်ကျော်ဖြတ်ခဲ့ကြသည်၊
ဝမ်းနည်းစရာတွေကို ဝမ်းသာစရာတွေနဲ့ ဖြေသိမ့်လို့
တစ်ဦးကိုတစ်ဦးမြတ်မြတ်နိုးနိုးတန်ဖိုးထားပါလို့ရယ်
ဝေဒနာဆိုတဲ့အရာဟူသမျှကို
အတတ်နိုင်ဆုံးဥပေက္ခာပြုထားခဲ့ကြ၏...။ထယ်ယောင်း၏ဗိုက်ကလေးသည်ကိုးလကျော်သွားပြီဖြစ်သလို ဂျောင်ဂု၏ရောဂါကလည်းတစ်စနှင့်တစ်စပိုပြီးဆိုးဝါးလာပြီဖြစ်သည်၊
အသက်အန္တာရာယ်မစိုးရိမ်ရပါဘူးဟုဆရာဝန်ပြောသော်လည်း ထိုဝေဒနာကြီးကိုဂျောင်ဂုခံစားနေရတဲ့အချိန် တစ်ခဏချင်းဆီကိုက ထယ်ယောင်းအတွက်ငရဲလိုပင်၊
ညဖက်ဆိုကောင်းကောင်းအိပ်မပျော်သည့်ဂျောင်ဂုသည်
မျက်တွင်းများပင်ချောင်ကျကာ အတော်ပင်အားနည်းသည့်ပုံပေါ်နေလေပြီ၊
သို့သော် ဂျောင်ဂုသည်သူ့အပေါ်ရော သူတို့သမီးလေးပေါ်မှာပါ တစ်ခါမှဝတ္တရားပျက်ကွက်တယ်ရယ်လို့မရှိ၊
သူ့ရှေ့မှာတော့အမြဲတမ်းအဆင်ပြေသည့်ဟန်ကိုသာပြသည်၊ဂျောင်ဂု၏အစ်ကို နမ်ဂျွန်းမှာလည်း သူ့ညီအတွက်ဆေးရုံကောင်းကောင်းကိုနေ့မနား ညမနားရှာဖွေနေရှာသည်၊
ပြည်ပမှာ သွားရောက်ခွဲစိတ်ရန်စီစဉ်ပါသေးသည်၊
ဒါကိုဂျောင်ဂုကလက်မခံခဲ့...၊
သူထယ်ယောင်းအနားကနေဘယ်မှမသွားနိုင်ဘူးတဲ့လေ။ထိုနှင့်ပင်နမ်ဂျွန်းသည် ပြည်တွင်းမှာပဲအကောင်းဆုံးဖြစ်မည့်ဆေးရုံကိုရှာဖွေစုံစမ်းနေခဲ့သည်
အထူးသဖြင့်သူ့ညီ၏ရောဂါကိုပျောက်ကင်းအောင်ကုသပေးနိုင်မည့်ဆေးရုံမျိုးကိုပေါ့၊
အသိမိတ်ဆွေအားလုံးဆီကနေလည်းအကူညီတောင်းကာ စုံစမ်းခဲ့ပေမယ့် ဘာမှအကြောင်းမထူးခဲ့ပေ၊နမ်ဂျွန်းအကူအညီတောင်းခဲ့သည့်သူတွေထဲမှာ တစ်ယောက်သောသူတော့ကျန်ပါသေးသည်၊
ဒါပေမယ့်နမ်ဂျွန်းအကူအညီတောင်းမည်မဟုတ်ချေ..၊