"19"

20.7K 2K 66
                                    

[Zawgyi]

ခါးကိုပွတ်​သပ်​​နေ​သောလက်​တစ်​စုံ​ကြောင့်​ အိပ်​​နေရင်းမှမျက်​လုံး​ဖြေး​ဖြေးချင်း​ပွင့်​လာသည့်​ထယ်​​ယောင်း။
အဝတ်​မရှိ​သော ခန္ဓာကိုယ်​​လေးသည်​ ​စောင်​ထူထူအတွင်းနစ်​မြုပ်​​နေလျက်​...၊ သို့​သော်​ထို​စောင်​ထဲတွင်​သူတစ်​​ယောက်​ထဲ​တော့ဟုတ်​မ​နေ။

သူ့လိုပဲအဝတ်​မရှိ​သော​ယောက်ျား​ချော​ချောကလည်း
ရှိ​နေခဲ့သည်​။

"ဘာလုပ်​​နေတာလဲ?...ယားတယ်​"

ခါးကိုပွတ်​သပ်​​နေ​သော​ဂျောင်​ဂု၏လက်​တစ်​ဖက်​ကို လက်​က​လေးဖြင့်​ဖမ်းကိုင်​ဟန့်​တားလိုက်​ပြီး မျက်​စိ​ရှေ့ကမျက်​နှာ​ချော​ချောကိုစိုက်​ ကြည့်​ကာ ​ပြောလိုက်​သည်​။
ထိုအခါ​ဂျောင်​ဂု ခပ်​ဟဟပြုံးကာ သူ့ကိုပြန်​ကြည့်​ပြီး​ပြော၏။

"ညက​ရော မယားဘူးလား?"

ချက်​ချင်းရဲတက်​သွား​သောထယ်​​ယောင်းမျက်​နှာ​လေး။
ဂျောင်​ဂုအတွက်​က​တော့ အဖိုးတန်​​လေးပင်​..၊

"​ဘာ​တွေ​လျှောက်​​မေး​နေတာလဲ?...မ​မေးနဲ့"

ဒီ​အလှ​လေးက လူကိုမနက်​အ​စောကြီးစိန်​​ခေါ်​နေသလိုပင်​။
အလွန်​တရာမှချစ်​ပစ်​ချင်​စရာ​ကောင်းလှသည်​။

"အစ်ကို​ကအရမ်း​ချောတာပဲ အရမ်းလည်းလှတယ်​"

"ဟင့်​..​ဂျောင်​ဂု"

ဂျောင်​ဂုက​ပြောလည်း​ပြော အငြိမ်​လည်းမ​နေ။
ထယ်​​ယောင်းကိုယ်​လုံး​လေးကိုသိမ်းကျုံးဖက်​ကာ
တစ်​ရှုံ့ရှုံ့ နမ်း​လေသည်​။ ထယ်​​ယောင်းခမျာသန်​သန်​မာမာလက်​​မောင်းများအကြား ရုန်း​နေကန်​​နေ​သော်​လည်း အဖက်​မတင်​။

"တဟင့်​ဟင့်​နဲ့​ငြီးလိုက်​တိုင်း ​မောင့်​ကိုစိတ်​လွတ်​​စေတယ်​ဆိုတာသိလား"

"​ဂျောင်​ဂု ​တော်​​တော့"

ဂျောင်​ဂုသည်​ဘယ်​လို​ပြော​ပြောရပ်​မသွားသည့်​အပြင်
ညကသူ့လက်​ချက်​​ကြောင့်​ အနီကွက်​တို့ထ​နေ​သော ထယ်​​ယောင်းလည်​ပင်းတစ်​ဝိုက်​ကိုပါ နမ်းရှုံ့လာပြန်​​သေးသည်​။
လက်​တစ်​ဖက်​ကလည်းထယ်​​ယောင်းရဲ့တင်​လုံးလုံး​လေးကို
ပွတ်​သပ်​ကာ အသဲတယားယားနှင့်​ရိုက်​​နေ​သေးပြန်​သည်​။

NOT//KV[COMPLETED]Where stories live. Discover now