အပိုင်း ၂၅ ( U + Z )

1.2K 79 3
                                    

Unicode

"ဦးလေးအတွက် သားသမီးထက် သိက္ခာတရားက ပိုအရေးကြီးနေလို့ မမအသက်သေခဲ့ရပြီးပြီမလား"

"သမီး အဲ့လို မပြောရဘူးလေ"

"မေမေ အသာနေပါ
သမီး လူကြီးတွေကို ပြန်ပြောမိလို့ အပြစ်ရှိမယ်ဆ်ို သမီးခံမယ် ဦးလေး အမြင်မှန်ရအောင်တော့ ပြောရမှာပဲ

ဦးလေး သေချာပြန်စဉ်းစားပေးပါ မမတုန်းကလဲ ဦးလေးဆုံးရှုံးခဲ့ရပြီးပြီ ခုရော ကိုကို့ကို ထပ်ဆုံးရှုံးချင်နေတာလား

ဦးလေးအမြင်မှာ လိင်တူချစ်နေတယ်ဆိုတာထက် လူနှစ်ယောက်အချစ်ကို လက်ခံပေးလို့မရဘူးလား "

"ယောကျ်ား ဒီတစ်ခါတော့ ကျွန်မ သားလေးကို အဆုံးရှုံးမခံနိုင်ဘူး
ကျွန်မတို့ သမီးတစ်ယောက် ဆုံးရှူံးခဲ့တာနဲ့တင် တော်သင့်ပြီထင်တယ်
ကျွန်မလဲ လက်ခံဖို့အတွက် ခက်ခဲတယ်ဆိုပေမယ့် ဒါ ကျွန်မတို့သားရဲ့ ရွေးချယ်မှုပဲလေ"

"မင်းတို့က ငါ့သားကို မချစ်ဘူးလို့ထင်နေတာလား
ငါ့နေရာမှာကော ဝင်စဉ်းစားပေးကြပါလား
ငါချုပ်ချယ်နေတာ ငါ့အတွက်မဟုတ်ဘူး
အိမ်ထောင်ရေးတစ်ခုက သားသမီးမရှိဘဲ သာယာနိုင်တယ်လို့ မင်းတို့ထင်လို့လား
မင်းတို့ပြောတဲ့ လူနှစ်ယောက်ချစ်ခြင်း ဟုတ်လား
အချစ်ဆိုတာ ချည်နှောင်ထားတဲ့ ကြိုးသာမရှိရင် ပြတ်တောက်နိုင်မယ့်ဆက်ဆံရေးမျိုး
ငါတားနေတာ ငါ့သားပျော်ရွှင်မှုအတွက်ပဲ
မင်းတို့ လိင်တူချစ်တာကရော ဘယ်လောက်ကြာကြာ တည်မြဲမှာမို့လို့လဲ "

"ဦးလေးဘက်က နဲနဲလေးတောင် စဉ်းစားပေးဖို့ အစီအစဉ်မရှိဘူးလား"

"ငါပြောပီးပီလေ ငါ့လုပ်နေတာတွေအကုန်လုံးက ငါ့သားအတွက်ပဲလို့ "

"ကောင်းပြီလေ အဲ့တာဆိုလဲ
အားလုံးကို ကြေငြာစရာတစ်ခုရှိပါတယ်
ဒီမင်္ဂလာပွဲကို ကျွန်မဘက်က ဖျက်သိမ်းတယ်"

"ဟင် ဟမ်"

အားလုံးက ညီမလေးရဲ့ ရုတ်တရက်ကြေငြာမှုမှာ မျက်လုံးအပြူးသား ဖြစ်သွားကြတယ်

"Boom ဘာတွေပြောနေတာလဲ ကိုယ်တို့"

"Boom ဆုံးဖြတ်ပြီးပြီ
တစ်ခုတော့ရှိတယ် Boom မင်္ဂလာပွဲက ဦးလေးပေါ်မှာ မူတည်တယ်
ဦးလေး စိတ်သဘောထားဖြေလျော့ပေးတဲ့အချိန်ကျရင် Boom လဲ မင်္ဂလာဆောင်ဖို့အတွက် ပြန်စဉ်းစားပေးမယ်"

SwEEt  PsyCho ChocoLate 🐻😋Where stories live. Discover now