အပိုင်း ၁၁ ( U+Z )

1.1K 123 28
                                    

Unicode

လူတစ်ယောက်ကို ပစ်ပယ်ထားတဲ့ ခံစားချက်မျိုး ခင်ဗျားတို့ ခံစားဖူးလား....

ကျွန်တော့်အတွက်ကတော့ ဖြစ်ပုံက ဒီလိုဗျ.....

ဦးစစ်တို့ အိမ်က ပြန်လာတော့ ဦးစစ်ကြီးက တော်တော်ပျော်နေပုံပါပဲ....

သံသယကင်းကင်း အဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ ပြီးသွားတာကို

တစ်လမ်းလုံးလည်း သူက ကျွန်တော့်အပေါ် ဂရုစိုက်တာ သိသာသထက် သိသာလာတယ်ဆိုပါတော့

ကျွန်တော်လည်း တစ်ခဏတာတော့ သာယာနေတာပေါ့

ဒါပေမယ့်.......အဆောင်ရှေ့လည်းရောက်ပါရော ပျက်စီးခြင်းလမ်းစက စလာပါလေရော

အန်တီကို ဦးစစ် ဖုန်းဆက်ထားလို့ နောက်ကျမယ်ဆိုတာ ကြိုသိထားပြီး စိတ်ပူစရာက ရှိမနေခဲ့ဘူးလေ

ဦးစစ်က ဘာမဆို တိတိကျကျ လုပ်တတ်သူဆိုတော့ သူက သူ့အနွေးထည်နဲ့ ဘောင်ဘီ ခပ်ပွပွ တစ်ထည်ကို ကျွန်တော့်ကို အပေါ်ကနေ အမြန်စွပ်ခိုင်းစေတယ်လေ

မိတ်ကပ်တွေအတွက်လဲ မိတ်ကပ် ဖျက်ဆေးကို ကြိုဆောင်ထားတယ်ဆိုတော့
အဲ့ အထိ ဘာပြဿနာမှ ရှိမနေခဲ့ပါဘူး

ကားပေါ်က ဆင်းလာမှဇာတ်လမ်းတွေက မြစ်ဖျားခံလာတာ

ကားပေါ်က အသတ်ခပ်လတ်တလတ် ခပ်မိုက်မိုက် ကြည့်ရပုံတော့ နိုင်ငံခြားသားလိုလို ခပ်ဆင်ဆင် လူတစ်ယောက် ဆင်းလာတယ်ဗျ

ဦးစစ်လဲ ဆင်းလာရော အဲ့နိုင်ငံခြားသား ငဖြူကောင်က ဦးစစ်နောက်ကို ပြေးဖက်လိုက်ရော

"ဟေ့ကောင် ဆူဖစစ်"

" San San မလား ဟေ့ကောင်လွှတ် "

"ဟဟ မင်းအံ့သြသွားတယ်မလား"

"ဘယ်တုန်းက ပြန်ရောက်တာလဲ ငါ့ကို အကြောင်းမကြား ဘာမကြားနဲ့ လာမယ်ဆိုလဲ ကြိုပြောလေကွာ ငါလာကြိုမှာပေါ့"

ဦးစစ်က ဘာလို့ သွားကြိုရမှာလဲ သူ့ဟာသူလာတတ်လို့တောင် ခုဆို ဒီရောက်နေပြီပဲဟာကို နေပါအုံး ငါကရော ဘာလို့ ရပ်ကြည့်နေရတာလဲ ပြီးတော့ ငါရှိမှန်းတောင် သိကြရဲ့လား အဖြစ်သဲနေကြတာ ဖက်တဲ့သူကလဲဖက် ရုန်းတဲ့သူကလဲရုန်းနဲ့ ဟွန့် စမြင်ကတ်လတ်ထှာ

SwEEt  PsyCho ChocoLate 🐻😋Where stories live. Discover now