အပိုင်း၁၅(U+Z)

1.1K 126 11
                                    

Unicode
မှတ်တိုင်သို့ ကျွန်တော်တို့ ပြေးလာခဲ့ကြသည်

ကျွန်တော့်လက်က ဦးစစ်ရဲ့ နွေးထွေးမှု လက်တစ်စုံကြောင့် တကယ်ပဲ လဲ နွေးနေတုန်းပါပဲ

မှတ်တိုင်က ခုံတန်းရှည်လေးမှာ ကျွန်တော်တို့ ထိုင်ခဲ့ကြတယ်

သူကတော့ ကျွန်တော့်လက်ကို ကိုင်ထားတုန်းပါပဲ

"ဦး လွှတ်တော့လေ"

"ဟီးဟီး"

"ဘာရီတာလဲ"

"မိုးဖွားလေးတွေကျနေလို့"

"ဘာဆိုင်လို့တုန်း ရီတာနဲ့ မိုးဖွားကျတာ"

"ဒီလို မိုးသာ ဝင်မကူဘူးဆိုရင် ကိုယ်တို့ ဒီအချိန်လေး ဘယ်ရပါ့မလဲ"

"ဘတ်စ်ကားလာပီ သွားကြမယ်"
(ဦးစစ်ရဲ့ လက်မောင်းကို အတင်းဆွဲခေါ်ပီး ကားပေါ်တက်တဲ့ ကောင်ငယ်လေး)

ကျွန်တော်က ပြတင်းပေါက်ဖက်ခြမ်းဘက်ကို ဝင်ထိုင်လိုက်သည်

ဘတ်စ်ကားစီးတိုင်း နားကြပ်လေးတပ် ပြတင်းပေါက်ကနေ အပြင်ကို ငေးကြည့်ပြီး တေးသွားလေးတွေကို နားထောင်ရတာ သဘောကျတယ်လေ

လွယ်အိတ်လေးထဲက နားကြပ်လေးကို ဖုန်းပေါက်မှာတပ်ပြီး ကျွန်တော် ဖွင့်လိုက်မိတဲ့ သီချင်းလေးက
Three Man Down ရဲ့ It is raining 🎶

မပြောမဆို ဆိုသလိုပဲ ကျွန်တော့်ဘေးနားက အဲ့လူကြီးပေါ့ ကျွန်တော့်ရဲ့ ညာဘက်နားကြပ်လေးကို ဖြုတ်လိုက်ပီး သူ့နားမှာ တပ်လိုက်တယ်လေ
ပြောလိုက်တဲ့ စကားက
"ကိုယ့်ကိုလဲ ပေးနားထောင်"

ဒီလိုနဲ့ ကျွန်တော်တို့ ရောက်ချင်တဲ့ မှတ်တိုင်ထိကို သံစဥ် တစ်ခုကို ကျွန်တော်တို့နှစ်ယောက် နားကြပ်နှစ်ဖက်ကို မျှဝေရင်း ခံစားချက် ထပ်တူကျနေမိပါတယ်

"ဦး ကျွန်တော်တို့ မှတ်တိုင်ရောက်တော့မယ် မိုးတောင် နဲနဲ သဲလာသလိုပဲ"

ကျွန်တော်တို့ ဘဲလ်တီးလိုက်ပီး ကားပေါ်က ဆင်းလိုက်ကြသည်

"မိုးကလဲ ပိုပို သည်းလာသလိုပဲ ကျွန်တော်တို့ တော်တော် စောင့်ရမှာပဲ ဒီမိုးပုံစံနဲ့ဆို"

SwEEt  PsyCho ChocoLate 🐻😋Where stories live. Discover now