အပိုင်း၇ (U + Z)

1.1K 120 25
                                    

Unicode

ဒီကလေးလေးက သိပ်ကလေးဆန်တာပဲ

ညညဆို ကိုယ်က အစောကြီး အိပ်ချင်ပေမယ့် သူက မအိပ်နိုင်သေး

သူ့အတွက်အရေးကြီးတာ လုပ်နေလို့တဲ့

အဲ့ဒါ ဘာလဲဆိုတော့ ဂိမ်းဆော့တာတဲ့လေ

ကိုယ်လဲ Thesis တွေ လုပ်တဲ့ ညဆို မအားပါဘူး

ဒါမယ့် ဒီကလေးကတော့ သူ့ game နဲ့ သူကို အားမနေတာ

ဒီညတော့ သူ့ကို နှောက်ယှက်ဖို့ ကိုယ်တွေးထားတယ်လေ

ဘယ်ရမလဲ

ကိုယ်လဲ တီးလုံးကိုဖွင့် workout လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်

အဲ့ အခါမှ အဲ့ကောင်လေးက ခါတိုင်း သူ့ဂိမ်းနဲ့သူ့အသံ ထွက်နေရာက ရန်တွေ့သံက စပီး ပျံ့ လွင့် လာပါတော့တယ်

"ဟာ ဦးစစ် ဘာတွေ လုပ်နေတာလဲ ဒီမှာ ဆော့ ရတာ ဖီးလ် ပျက်လိုက်တာဗျာ"

(အေးပေါ့ ဟိုကလဲ ဗလ ကြီးနဲ့ အင့်အား လုပ်နေတော့ သူလဲ ဖီးလ်ဘယ်လာပါ့မလဲ🤣)

"Exercise လေ ငါ့ ဗိုက်ပူလာလို့ Home workout လေး လုပ်နေတာလေ "

"ဟာ ဒီချိန် ကြီး မအိပ်ဘဲ ဘာလို့ အဲ့တာတွေ ထလုပ်နေတာလဲ
ဒီမှာ အသံတွေနဲ့ အာရုံနောက်ရတယ် ဟာ ဦးကိုပြောတုန်းပဲ ဟိုဘက်က ပစ်လိုက်ပီ သေသေသေပါပီ ဗျာ အဲ့တာ ဦးစစ်ကြောင့် ဟူး"

"ဘာ game တွေ ဆော့နေတာတုံး ကိုယ့်ကိုလဲ သင်ပေးလေ"

" free fire တဲ့ဗျ မဆော့ တတ်ရင် မဆော့ပါနဲ့ဗျာ
တော်ကြာ ပွဲတိုင်းရှုံးနေရင် သင်ပေးရသူ နာမည်ပျက်တယ် ကိုယ့်ဟာကိုယ် ကိုယ့်အလုပ်သာလုပ်"

"အော် ကလေး ဟိုနားကလေ တံဘက်လေး ယူပေးပါလား ကိုယ်ပင်ပန်းလို့ မထချင်လို့ "

"ကိုယ့်ဟာသာကိုယ်ယူတာတော့ မဟုတ်ဘူး ကျွန်တော်မှာ သူ့ကြောင့်လဲ ဂိမ်းရှုံးသွားတယ် ခိုင်းလဲ ခိုင်းခံရသေးတယ် ပင်ပန်းမှာပေါ့ အသက်ကကြီးနေပီ ကလေးလို လျှောက်လုပ်နေတာကို
ညကြီး အချိန်မရှိမှ workout တဲ့ သူ့ ဗလကြီးက ပြူးနေတာပဲကို ဗိုက်ဆိုလဲ ကျွန်တော့်လောက်မပူပဲနဲ့ ကျွန်တော်ကမှ ဗိုက်လုံးလေးကိုပူလို့ သူ့ခန္ဓာကိုယ်ကြည့်ကောင်းနေတာကို ဒီအချိန်မတော်မှထပီး လေ့ကျင့်ခန်း လုပ်ချင်တာကို ပင်ပန်းမှာပေါ့ ပီးတော့ လူကို ခိုင်ူပီ "

SwEEt  PsyCho ChocoLate 🐻😋Where stories live. Discover now