အပိုင်း၉ (U+Z)

1K 126 22
                                    

Unicode
ကားထဲရောက်တော့ ဆရာစစ်က သီချင်းဖွင့်ဖို့ ဖုန်းကို bluetooth နဲ့ join လိုက်ပါတယ်

ကြားလိုက်ရတဲ့ တီးလုံးလေးက

"you are my sunshine my only sunshine
You make me happy...."
(Mew က Gulf ကို နေကြာပန်းလေးနဲ့တူတယ်ဆိုတာကြောင့် ဒီသီချင်းလေး သတိရမိလို့ပါ)

ဒါပေမယ့် ကိုးယိုးကားယားနိုင်တဲ့ အခြေအနေ တစ်ခုကတော့

ကားပေါ်မှာ ထိုင်လိုက်တဲ့ အခါ မထင်မှတ်ဘဲ ဂါဝန်က နဲနဲတိုတက်သွားတာပါပဲ

ကျွန်တော့် ပေါင်သားလေးတွေက ဖော်ပြမနေပါပဲ ပေါ်နေတဲ့ အခြေအနေမျိုးပေါ့

ကွယ်မထားတဲ့ ပေါင်လေးပေါ်ကို ဖြတ်ပြေးလာတဲ့ လေအေးတွေကြောင့် ဂါဝန်စလေးကို အောက်သို့မသိမသာ ဆွဲချနေပေမယ့် အဆင်ကသိပ်ပြေလှတယ်တော့ မဟုတ်ပါဘူး

"မင်းအေးနေလို့လား နောက်ဘက်မှာ ငါ့အနွေးထည်လေး ပေါင်ပေါ်တင်ထားလိုက် ဂါဝန်က ထိုင်လိုက်ရင် နဲနဲဒူးအပေါ်ရောက်တယ်နော်"
(Fic ထဲတောင် ကိုကိုမြူးက အရိပ်ကြည့်နေတာနော်)

"ကျေးဇူးပဲနော်"

"ရပါတယ်"

"ဒါနဲ့ ဒီသီချင်းလေးကောင်းတယ်နော်"

သီချင်းက နောက်တစ်ပုဒ်ပြောင်းသွားပါပီ

"စာသားလေးတွေရော သံစဥ်လေးရော နားထောင်လို့ကောင်းတယ် "

🎶I like me better when i'm with you🎶

"ကိုယ်လဲ ကြိုက်တယ်
အထူးသဖြင့် အဲ့ထဲက ကိုယ့်ဘေးနား မင်းရှိရင် ကိုယ့်ကိုယ်ကိုပို သဘောကျတယ်ဆိုတဲ့ အဲ့စာသားလေးကို ပိုလို့ကြိုက်တယ်
ဥပမာ ခုလို အခြေအနေလေးပေါ့"(စိုက်ကြည့်လျက်)

"ဟမ်"

ခင်ဗျားကြီး ဒါသဘောလဲ
ခုလိုအခြေအနေမျိုးကို သဘောကျတယ်ဆိုတော့ ဘာလဲ ခင်ဗျားကြီး စိတ်ထဲက ကျွန်တော့်ကို ပြစ်မှားနေတာများလား
ဖင်တောင်ကြိမ်းလာပီ အဲ့ အကြည့်ကြီးက အရမ်းညှို့နေသလိုပဲ

"ဒါနဲ့လေ မင်းခုလိုဝတ်လိုက်တော့ မင်းကလေ အရမ်းလှတယ်သိလား မျက်လုံး နှာတံ အထူးသဖြင့် နှုတ်ခမ်းလေး သိပ်လှတယ်"

SwEEt  PsyCho ChocoLate 🐻😋Where stories live. Discover now