အပိုင်း၅(U+Z)

1.1K 122 20
                                    

Unicode
ကျွန်တော့်ရဲ့ မနက်ခင်းကတော့ ဆေးရုံမသွားခင် တစ်နာရီအလိုလောက်မှ အိပ်ယာထ ညကဝယ်လာတဲ့ ပေါင်မုန့်လေးကို အမြန်သွပ်ပီး ဆေးရုံလာရတဲ့ ဘဝပါဗျာ

ကျွန်တော်မှ အစောကြီးမထနိုင်တာ ဆေးရုံကို ရှစ်ခွဲ ရောက်ဖို့ ကျွန်တော့်မှာ ခုနစ်နာရီ ထရတယ်လေ

ဒါတောင် စောနေပီလေ ကျွန်တော့်အဖို့ကတော့

အိပ်ချင်တယ် ဒါပေမယ့် ဆက်အိပ်နေရင် အလုပ်ထွက်ရနိုင်တယ်

သတိထားမိတာ တစ်ခုတော့ ရှိတယ်ဗျ
ကျွန်တော်နိုးလာတိုင်း ဟိုလူကြီးက မရှိတော့ဘူး
ကျွန်တော်ပဲ ကျန်ခဲ့တာ
ဒါလည်းကောင်းပါတယ်လေ လုမလုပ်ရဘူးပေါ့

"သား အလုပ်သွားတော့မလို့လား"

"ဟုတ်ကဲ့"

"ဒီမှာလာစားသွားအုံးလေ"

"ရပါတယ် အန်တီ ကျွန်တော် ပေါင်မုန့်စားထားပါတယ်ဗျ အချိန်မမှီတော့လို့"

"နောက်ဆို ဆူဖစစ်နဲ့ သွားလေ အန်တီပြောပေးထားမယ်"

"ရပါတယ် အန်တီရယ် ကျွန်တော့်ကို စောင့်နရလို့ သူ အပိုဝန်လေး နေအုံးမယ်"

သူက မနက်စောကြီး ငါတောင်မသိလိုက်ပဲ ထထသွားတာ ဘာသဘောလဲ
အနည်းဆုံး တစ်ခန်းထဲ နေတာလေ ငါ့တော့ အကျိုးအကြောင်းပြောမှပေါ့
အေးပေါ့လေ သူလဲ ဆေးရုံ မသွားခင် ဝင်တွေ့စရာ ဘာညာရှိမှာပေါ့လေ

ဘတ်စ်ကားမှတ်တိုင်မှာ စောင့်နေတဲ့ ကောင်ကလေး
သူ့ရှေ့ ကားတစ်စီးက ရပ်လာတယ်
မှန်ချပီး ခေါင်းထွက်လာတော့ ဘယ်သူများလဲပေါ့
ဘယ်ဟုတ်မလဲ ဟိုလူကြီး ဆရာစစ်ပေါ့
သူက ဘယ်က ဘယ်လို ရောက်လာတာလဲ
မနက်မိုးလင်းတာတောင် မျက်နှာ မမြင်ရတဲ့ သူက ကားကြီးနဲ့ ဘတ်စ်ကားစောင့်နေတဲ့ ငါ့ရှေ့ တည့်တည့် လာရပ်နေတယ်

"လာတက် မင်းဘတ်စ်ကားစောင့်နေရင် နောက်ကျနေလိမ့်မယ် "

ကျွန်တော်လည်း ငြင်းမနေတော့ဘူး တက်ခဲ့လိုက်ပါတယ်

"ဒါနဲ့ ခင်ဗျားက မနက်မနက်ဆို ဘယ်ပျောက်ပျောက်နေတာလဲ ကျွန်တော်နိုးတိုင်း မတွေ့ဘူး"

SwEEt  PsyCho ChocoLate 🐻😋Where stories live. Discover now