အပိုင်း၂(U+Z)

1.3K 141 11
                                    

Unicode

"ခင်ဗျား ဘာလို့ ဆရာဆူဖစစ် နေရာဝင်ထိုင်နေတာလဲ
လုံခြုံ​ရေးသွားလုပ်လေ
အော် ဆရာက စောင့်ခိုင်းလို့လား
စောင့်ခိုင်းရင် ဂျူတီကုတ်က ခင်ဗျား ကိုယ်ပေါ် ဘယ်လိုရောက် ဟမ်ခင်ဗျားက လုံခြုံရေးမဟုတ်ဘဲ ဆရာဝန်ရူးရူးနေတဲ့ လူနာများလား
ဆရာမလာခင် ဒီမှာ သူ့အကျီဝတ်ပီး အိုက်တင်ကျင့်နေတာလားဟာ မဖြစ်နိုင်ပါဘူး ခုနစကားပြောတုန်းက အကောင်းပါ လူနာပုံမပေါက်ပါဘူး "

"မင်းပြောလို့ပီးပီလား
ကိုရီးယားဇာတ်လမ်းတွဲတွေများ အရမ်းကြည့်သလား ကလေး
ငါက မင်းထင်သလို မဟုတ်ဘူး
ငါက ဆရာဝန် ဆူဖစစ်က ငါပဲ"

ကျွန်တော် တကယ်ကြီး စွံ့အသွားတာဗျ
ဘယ်သူထင်မှာလဲ
ဂျူတီကုတ်မှမဝတ်ထားတာ ဆရာဝန်ဆိုတာ

နည်းနည်းလဲ အပြောစောသွားတာပါပါတယ်လေ
သူတော့ ကျွန်တော့်ကို အညှိုးထားရင်သွားပါပီ

"ကလေး လာထိုင်အုံး"

အောင်မယ် ငါ့ကို ကလေးတဲ့ သူက ဘယ်လောက်များ အသက်ကြီးနေလို့လဲ မတိမ်းမယိမ်းလောက်ပဲရှိတာကို

"လာလေ ဘာတွေ တွေးနေတာလဲ"

ကြောက်ကြောက်နဲ့သာ သွားထိုင်ရတာ သူ့ကိုလည်း ကိုယ့်မှာ စေ့စေ့မကြည့်ရဲ

"ဒါနဲ့ မင်းကြည့်ရတာ စိုးရိမ်နေပုံပဲ ဘာဖြစ်နေတာလဲ"

"ဟိုလေ ဆေးရုံရှေ့မှာလေ အဲ့တာ တမင်ရည်ရွယ် ပြောတာမဟုတ်ရပါဘူး
မသိဘူးလေ ခင်ဗျားက အပေါက်နားမှာ စောင့်နေတော့ အဲ့လိုထင်တာပေါ့"

"အပေါက်နားမှာ စောင့်တိုင်း အဲ့လို ထင်စရာလားကွာ
ငါ့ရုပ်က အဲ့လောက်များရင့်လို့လား"

"အဲ့လိုတော့မဟုတ်ပါဘူး
နု အဲ နည်းနည်းလေးတော့ အသက်ကြီးပုံပေါက်တယ် မသိသာဘူး
ကျွန်တော့်ထက် လေးငါးနှစ်လောက်ကြီးတဲ့ပုံစံမျိုး"

"မင်းက ခုမှကျောင်းပီးတာမလား"

"ဟုတ်ကဲ့"

ဟားဟားဟား

(ဟက်ဟက်ပက်ပက်ရယ်သံ)

"ဘာလို့ အဲ့လောက်ရယ်နေရတာလဲ ဒါဆေးရုံနော် ပတ်ဝန်းကျင်ရှိတယ်ဗျ"

SwEEt  PsyCho ChocoLate 🐻😋Where stories live. Discover now