အပိုင်း၁၇ ( U+Z )

1.1K 101 4
                                    

Unicode

ရေစိုနေသောခေါင်းကို တဘက်တစ်ခုနှင့်သုတ်ပြီး သူစိမ်းအိမ်ရဲ့ ရေချိုးခန်းက ထွက်လာသော ကျွန်တော်

P' San မိဘနှစ်ပါးက ကွာရှင်းပြတ်ဆဲထားကြတာတဲ့

P'San အဖေက ဘန်ကောက်မှာနေသလို အမေကတော့  P'San နဲ့အတူတူ အင်္ဂလန်မှာနေတယ်

သူပြောတယ်

သူ့အတွက် ဆူဖစစ်က အခင်ရဆုံး သူငယ်ချင်းဆိုတာရယ် သူ့အချစ်ဦးဆိုလဲမမှားဘူးဆိုတာရယ်

ခံစားချက်တွေမေ့နိုင်ဖို့ အင်္ဂလန်ကို ထွက်သွားရတယ်ဆိုတာရောပေါ့

ရေချိုးခန်းက ထွက်လာတော့ သူါကိုအခန်းထဲမှာ မတွေ့ပါ

ဒါကြောင့် သူ့အခန်းကနေ အပြင်ကိုထွက်ပြီး ရှာဖွေဖို့ပြင်ဆင်လိုက်တယ်

သူရှိနေတဲ့နေရာကို နောက်ဆုံးတော့ ရှာတွေ့သွားခဲ့ပါတယ်

အဲ့တာကတော့ အိမ်အပြင်ဘက်က ခုံတန်းလေးပေါ်မှာ

ရေစိုနေတဲ့ ခေါင်းကို သုတ်လက်စ တဘက်လေးရယ် ဘောင်းဘီ ခပ်တိုတို တီရှပ်အဖြူရောင်လေးနဲ့

ဖြူဖွေးနေတဲ့ သူ့အသားအရောင်ရယ် ဝတ်ထားပုံလေးရယ်က မျက်စိပဒါသ ဖြစ်နေမိတယ်

"P'San"

"အော် Nong လာထိုင်လေ"

"ဟင် ခေါင်းတောင်မခြောက်သေးဘူးပဲ ရေပြောင်အောင် သုတ်မှပေါ့ အအေးမိနေအုံးမယ်"

သူ့သုတ်လက်စ တဘက်လေးနဲ့ ကျွန်တော့်ရဲ့ ရေစိုနေတဲ့ခေါင်းလေးကို သုတ်ပေးပါတော့တယ်

ဂရုစိုက်မှု တစ်စုံတစ်ရာမှာ ကျွန်တော် သာယာမိလိုက်တော့တယ်

သူကိုယ်တိုင်ပဲ ငိုကြွေးနေတဲ့ ကျွန်တော့်ကို မျက်ရည်တွေ သုတ်ပေးတယ်

သူကိုယ်တိုင်ပဲ ကျွန်တော့်စိတ်ဖိစီးမှုကို လျှော့ပေးခဲ့တဲ့ အဲ့လိုလူ

အချိန်တိုလေးအတွင်းမှာပဲ အဲ့ နတ်သားကို ကျွန်တော် ချစ်မိသွားပြီ ထင်ပါရဲ့

"ဒါနဲ့ မင်း ဂစ်တာ တီးတတ်လား"

"ဟင့်အင်း ဒါပေမယ့် သီချင်းတော့ဆိုတတ်တယ်"

SwEEt  PsyCho ChocoLate 🐻😋Where stories live. Discover now