အပိုင်း ၂၀ ( U+Z )

1.1K 97 4
                                    

Unicode

"မမ ... မမ ကျွန်တော့်ကို ထားမသွားပါနဲ့ ကျွန်တော်ကြောက်တယ် "

ကနာ့ရဲ့ ကယောင်ချောက်ခြား အော်သံများကြောင့် ကျွန်တော် အိပ်နေရာမှ လန့်နိုးလာခဲ့သည်

ကနာ့တစ်ကိုယ်လုံးလဲ ချွေးစေးတွေနှင့် အိပ်မက်ဆိုးတစ်ခုကို မက်နေပုံရသည်
မျက်ရည်စတွေကလဲ ရွှဲလို့စိုလို့

"ကနာ ကနာ ထထ"

အိမ်မက်ဆိုးထဲနစ်နေတဲ့ ကလေးငယ်လေးကို နှိုးဖို့ဆိုတာ ထင်သလောက်မလွယ်ပါဘူး

တစ်ကိုယ်လုံးလည်း ချွေးတွေကိုရွှဲလို့
   
"ကနာ ကနာ"

သူကျွန်တော့်လက်ကို အတင်းလှမ်းဆွဲလိုက်တယ် ပြီးတော့

"မမ မသွားပါနဲ့ တစ်ယောက်တည်းအမှောင်ထဲမှာ မထားခဲ့ပါနဲ့ "

"ကနာ ကနာ ကိုယ်ပြောတာကြားလား အိမ်မက်ဆိုးက ထလိုက်ပါတော့"

လှုပ်နိုးပြီး နိုးထစေလိုက်တဲ့အတွက် အတန်ငယ်ကြာတော့ ကနာ့မျက်လုံးတွေ ဖွင့်လာခဲ့တယ်

"ခဏလေးနော် ကိုယ်ရေသွားယူပေးမယ်"

"ရော့"

ရေတစ်ခွက်ကို ဝဝလင်လင် သောက်ပြီးတဲ့နောက် ကနာ့ ကြောက်စိတ်တွေ တော်တော်လျော့သွားတယ်ပြောရမယ်

"Boo ကျွန်တော့်ကို ဖက်ထားပါလား"

သူ့ဘက်က ဒီလိုတောင်းဆိုမှုမျိုး လုပ်လာလိမ့်မယ် မထင်ခဲ့မိဘူး
ကျွန်တော် ဖက်ချင်ရင်တောင် သူက ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့ ရှက်နေတဲ့ ကောင်လေးက ဒီလိုတောင်းဆိုလာတော့ ကျွန်တော့် စိတ်ထဲ နဲနဲတော့ ပျော်မိသွားတယ်

မတုံ့မဆိုင်းပဲ ထိုကြောက်ကြီးတငင်နဲ့ ကလေးလေးကို ထွေးပွေ့လိုက်တယ်

"Boo အိပ်မက်ထဲမှာ မမ ပီရာ ကိုမက်တယ်"

"ဘယ်သူလဲ Tua-eng"

"ကျွန်တော့်မမ
မမက ကျွန်တော့်ကို မှောင်ထဲမှာ တစ်ယောက်တည်းထားခဲ့တယ်
ကျွန်တော်ကြောက်တယ် ပြီးတော့ အဲ့အိမ်ပျက်ကြီး ကျွန်တော်မုန်းတယ်"

" ကနာ ကိုယ့်ကို အဲ့အကြောင်းတွေ တိုင်ပင်လို့ရတယ်နော်
မင်းရဲ့အကြောင်းတွေက ကိုယ့်အကြောင်းတွေပဲလေ
အတိတ်မှာ ဘာတွေဖြစ်ခဲ့တာလဲ
ပြီးတော့ မမ ပီရာ ဆိုတာကရော ဘယ်သူလဲ"

SwEEt  PsyCho ChocoLate 🐻😋Where stories live. Discover now