အပိုင်း ၆ (U+Z)

1.1K 114 6
                                    

Unicode
"ဟား ဦးလေးကြီးရယ် ဝယ်တာလဲများလိုက်တာ"

"မင်းက စားရုံပဲလေ
ကိုယ်ကချက်ရမှာလေ
ခုက မင်းလဲ သယ်တာမဟုတ် ကိုယ်တို့ခြင်းထဲ ထည့်သွားရတာကိုး"

"သိပါတယ်ဗျ ပိုက်ဆံကုန်လို့ပြောတာ "

"ပိုက်ဆံလား ငါ့အတွက်ပမွှားပါ"

"ခင်ဗျားကို ယူတဲ့ သူတော့ ကံကောင်းမှာပဲ ဥစ္စာပေါ ရုပ်ချောကို လင်တော်ရမှာ"

"ဟဟ ကိုယ်ပိုက်ဆံစုနေတယ် မင်းလို ကလေးဆန်တဲ့သူမျိုး ဆိုရင်တော့ မဖြစ်ဘူး ကိုယ်က လိုက်မချော့တတ်ဘူး"

"မချော့တတ်လို့သာပဲ
အဖွားနဲ့ကျတော့ အိုကေနေတာပဲ
ဟိုက သူ့ယောကျ်ားနဲ့ကို တစ်ကျားထဲကျားနေတာ"

"ကလေး ဘာတွေ တီးတိုးပြောနေတာလဲ"

"စပ်စုလိုက်တာ အဲ့ကလေးကလေးလို့ မခေါ်ပါနဲ့ဆို "

"ကိုယ်က ချစ်စနိုးနဲ့ခေါ်တာလေ ဝက်ကလေးကလဲ"

(မျက်စောင်းလေးလှမ်းထိုး)

ဒီလူကြီးတော့နော် ဆေးရုံမှာလဲ သူနဲ့ငါ့ကို ဘာလိုလို ထင်ပီးပီ

ခုနက ကောင်တာမှာ ငွေရှင်းတော့လဲ cashier အမက အတွဲတွေလို ကွက်ကြည့်ကြည့် ပြုံးစိစိနဲ့
မဖြစ်ဘူး ဒီလို ဆက်လုပ်နေရင် တော်ကြာ ငါ့ လူပျိုရည်ပျက်တယ်
ကောင်မလေးချောချောလေးတွေက တော်ကြာ ငါတို့ကို အတွဲတွေလို့ ထင်ပီး ငါ့နားမကပ်ရင် ဒုက္ခပဲ
ငါက သူ့လောက် စော်မကြည်ဘူးဆိုပေမယ့် ငါ့မှာလဲ ငါ့ရုပ်လေးနဲ့ငါရှိပါတယ်

ဒီလူကြီးနဲ့ စကားပြောမှဖြစ်တော့မယ်

"ဟေ့ လူကြီး အဲ့နားမှာ ခဏရပ်"

"ဘာဖြစ်လို့လဲ ဝက်ကလေး"

"အဲ့လိုမခေါ်နဲ့ နောက်ပီး ကျွန်တော်တို့ သဘောတူထားတာက fiat ရှေ့မှာပဲလေ
ခုက ဆေးရုံမှာလဲ အတွဲလို့ထင် မားကတ်မှာလဲ ကွက်ကြည့်ကြည့်နဲ့ "

"အိုး ဟုတ်လား ကိုယ်တောင်မသိပါလား
ကလေးက လိုက်ဂရုစိုက်နေလို့နေမှာပေါ့"

"ဟာ ခင်ဗျားကြီးနဲ့တော့ ခက်နေပါပီ တော်ပီ ကျွန်တော့် ဘာသာပဲ လမ်းလျှောက်ပြန်တော့မယ် ကိုယ့်ဟာကိုယ်သာ မောင်းပြန်တော့"

SwEEt  PsyCho ChocoLate 🐻😋Where stories live. Discover now