Unicode
အားခေါင်းက တစ်အားကိုက်နေတာပဲ
မိုးတောင် လင်းနေပီပဲ
ညကများသွားတာ ထင်တယ် ဘာတွေဖြစ်မိပါလိမ့်"ရော့ မင်းအတွက် အမူးပြေအောင် ပျားရည်သောက်လိုက်"
ဟား ခုမှ သတိထားမိတာပဲ ငါအိပ်နေတာက သူ့မွေ့ယာပေါ်မှာပဲ
"ကျေးဇူးပါ ဆရာစစ်
ဒါနဲ့ ညက .... အားခေါင်းကိုက်လိုက်တာ""သောက်လိုက်အုံး"
"ညက ကျွန်တော် ဘာအမှား လုပ်မိသေးလဲ"
"အမှားလား ငါပြန်တောင် မစဉ်းစားချင်ဘူး မနေ့က ကိစ္စကို မင်းတော်တော် ဆိုးတာ"
ညက အဖြစ်အပျက်
ပါတီဆိုတော့လဲ ဘီယာလေးတွေ ဝိုင်လေးတွေ ပါတာ မဆန်းပါဘူးဗျာ
P'Mild တို့ အတင်း တိုက်တာနဲ့ ဘာဖြစ်လဲ သောက်မယ်ဆိုပီး ဘီယာလေး သုံးဗူးလောက်သောက်မိပါတယ်
မိဘတွေ အိမ်မှာ ပိပိပြားပြားနေခဲ့ရလို့လားမသိ မေကြီးရဲ့ တရားဒေသနာတွေကို နားထောင်ခဲ့ရတာလဲ တစ်ကြောင်းအပါအဝင်ကြောင့်ပေါ့
အရက်နှင့် ကျွန်တော်ဆိုတာ လားလားမှ မဆိုင်ခဲ့တာကြာပေါ့
တစ်ခါကပေါ့
သူငယ်ချင်းတွေမြှောက်ပေးလို့ ဘီယာ တစ်ဗူးလောက်တော့ သောက်ဖူးသေးတယ်မေကြီးရဲ့ ကြိမ်လုံးနဲ့ ဆော်ပလော်တီးမှု ကြီးက ခုထိမှတ်မိနေသေး
ဒါပေမယ့် ခုေတာ့ အိမ်နဲ့လဲဝေးနေပီ ယောက်ျားလေးဆိုတေ့ာလဲ လူစုံတော့ သောက်ချင်စိတ်လေးနဲ့ မြှောက်ပေးတာနဲ့ သောက်ဖြသွားတာ
ဒါနဲ့ မနေ့က တော်တော်မူးသွားတာပဲ
မှတ်မိတာဆိုလို့ P'Mild တို့ P' Pui Faiနဲ့ စကားတွေပြောတယ်
ပြီးတော့ ဘီယာ တစ်ဗူးပြီး တစ်ဗူးပေးတာနဲ့ သောက်ဖြစ်တယ် ဒါပဲ မှတ်မိတယ် ပြီးတော့ လှေကားနားမှာ ဝိုးတစ်ဝါးပဲ လူတစ်ယောက် တွဲတင်သွားတယ် အဲ့လိုပဲ မှတ်မိတယ်"ကျွန်တော် မနေ့က ဘယ်လောက် ဆိုးတဲ့ အဖြစ်အပျက် လုပ်မိလို့လဲဆရာ ကျွန်တော့်ကိုပြောပြပါလား"
ခေါင်းမဖော်ပဲ တစ်ယဉ်တစ်ကျေးနဲ့ အပြစ်လုပ်မိသူလေးလို ပြောနေတဲ့ အူကြောင်ကြားလေး
YOU ARE READING
SwEEt PsyCho ChocoLate 🐻😋
FanfictionMewgulf Fan Fic Unicode ဆရာဝန်လေး နဲ့ Nurse လေး ကြားက အလွဲလေးတွေနဲ့ အချစ်တစ်ခု ဖြစ်ပေါ်လာရာက ချစ်စရာ ဇာတ်အိမ်လေး Zawgyi ဆရာဝန်လေး နဲ့ Nurse လေး ကြားက အလွဲလေးတွေနဲ့ အချစ်တစ်ခု ဖြစ်ပေါ်လာရာက ချစ်စရာ ဇာတ်အိမ်လေး