အပိုင်း၂၃ ( U + Z )

1K 90 3
                                    

Unicode

"ကိုကိုက အဲ့လိုပဲ ငယ်ငယ်က အကျင့်ကိုမပျောက်သေးဘူး
အသက်ကဖြင့်ကြီးလာပြီကို "

"သူက ကလေးပဲရှိသေးတာလေ"

"ကိုကိုနဲ့ ဘယ်လိုချစ်သွားကြတာလဲ"

"သူနဲ့က အလုပ်တူတူလုပ်ရတာလေ ဒီလိုပါပဲ ချစ်သွားတာကတော့
သူ့ပုံစံလေးကို အသည်းယားလာရင်းပေါ့ "

"အကိုက သူနာပြုပဲလား "

"မဟုတ်ဘူး အကိုက ဆရာဝန်
ပြီးတော့ ကနာ့ထက်အသက်အများကြီးကြီးတယ် ကိုယ်က အသက် ၃၀ ကျော်ပြီ ကနာဆို ဦးလေးလို့ခေါ်တာ စတွေ့တုန်းက
ညီမလေးက အကိုလို့ခေါ်လို့ ကျေနပ်နေတာ အဲ့ကောင်လေးက အလိုက်ကန်းဆိုးကို မသိဘူး"

"ဟဟဟ ကိုကိုက အဲ့လိုပဲ သူဆိုးတာလေးကို အကိုက ချစ်သွားတာမလား
အော်ဒါနဲ့ ချော့ဖို့နည်းလမ်းပေးရအုံးမှာပဲ
စကားတွေပြောနေတာနဲ့ လိုရင်းကိုမေ့တော့မလို့"

"ကိုကိုက ငယ်ငယ်ထဲက သရဲသိပ်ကြောက်တတ်တာလေ
ငယ်ငယ်ကဆို စိတ်ကောက်လို့ စကားမပြောဘူးဆိုရင် ကိုကို့ကို စလို့ အကောင်းဆုံးအချိန်ပဲ"

"ဘယ်လိုစရမလဲ "

"သရဲခြောက်တိုင်းစတာ ဟိဟိ"

"ဟင် ဘယ်လိုမျိုးလဲ "

"ညီမလေးတာဝန်သာထား
ခဏလေး ညီမလေး ချစ်သူကို ခေါ်လိုက်အုံးမယ်
ကိုကိုက ခုထိမသိသေးဘူး ညီမလေး ယူမယ့်သူက သူ့သူငယ်ချင်းမှန်း "

"အော် ကနာ့ သူငယ်ချင်းလား"

"ညီမလေးတို့က ငယ်ငယ်ထဲက သံယောဇဥ်ရှိကြတာ
တွဲတာတော့ သုံးနှစ်ကျော်ပီ ကိုကိုပဲမသိတာ
surprise ဖြစ်အောင်လို့ Mae တို့ကိုလဲ ကိုကို့ကို မပြောခိုင်းဘူး
နက်ဖြန်မှ သိပါစေဆိုပီး ခုတော့ အကို့ကိစ္စကြောင့် စောစောသိအောင် လုပ်ရတော့မှာပေါ့
ခဏလေး ညီမလေး ဖုန်းဆက်လိုက်အုံးမယ် "

"Hello Boss လား ခုဘယ်မှာလဲ ဟိုတယ်ဘက်ကို လာခဲ့အုံး corridor နားက ထိုင်ခုံနားမှာ ခုလာနေတာလား အင်းအင်း "

"Boom ကိုယ်ရောက်ပြီ အော်အော် တွေ့ပီတွေ့ပီ"

"Boss ခု ဟိုတယ်မှာ ဘယ်သူရောက်နေတယ် ထင်လဲ "

SwEEt  PsyCho ChocoLate 🐻😋Where stories live. Discover now