အပိုင်း ၁၄ ( U+Z)

1.2K 125 10
                                    

Unicode
ဒီပါးစပ်ကြီးကလဲနော် ဒီလောက်ထိန်းထားတဲ့ ကြားက
ပြောမိလိုက်ပြန်ပီ

"မင်းက ကိုယ့်ကို သဝန်တိုနေတာလား "

"မတိုပါဘူး"

"ဟဟဟ ကနာ မင်းခုနကပြောတော့ ကိုယ့်ကိုချစ်လို့ဆို"

"မသိဘူး"

"ခုကိုယ်တို့က ချစ်သူတွေဖြစ်ပီပေါ့"

"နေပါအုံး နေပါအုံး ခင်ဗျားကြီးလူလည်မကျနဲ့လေ ချစ်သူတွေဖြစ်ရအောင် ခင်ဗျားက..."

"ကိုယ်မင်းကို ချစ်တယ် ကလေး ဟုတ်တယ် မင်းကို မိန်းကလေးလို စတွေ့တွေ့ချင်းမှာပဲ ကိုယ်ချစ်ခဲ့တာ"

"..."

"ငါနဲ့ San ကို သဝန်မတိုပါနဲ့ ငါတို့က အဲ့လိုပြောနေဆိုနေကြပါ
ပြီးတော့ ငါတို့က သူငယ်ချင်းတွေလေ သိပ်ခင်တဲ့ ငယ်သူငာ်ချင်းတွေပါ"

"သူငယ်ချင်းထက်ကို ပိုကို ပိုလွန်းနေတာပါ
မနေ့ညက ကျွန်တော့်ရှေ့မှာ ဖြစ်ပျက်နေကြတာများ LDRS တွေပြန်တွေ့နေသလိုမျိုး ပလူးနေကြတာလေ"

"ဟဟ သဝန်မတိုပါဘူးဆိုတဲ့ ကောင်လေးက ပြောတဲ့စကားနဲ့ မလိုက်ဘူးနော်"

"ဟုတ်တယ်ဗျာ တိုတယ် တိုတယ် ဘာဖြစ်လဲ အဲ့ မျက်နှာဖြူဖြူနဲ့ နိုင်ငံခြားရုပ်လို လူကို ကြည့်လို့ကိုမရဘူး
ခင်ဗျားကို နောက်က သိုင်းဖက်တာကိုလဲ မုန်းတယ်
သူချစ်တဲ့သူက ချင်းမိုင်မှာပဲဆိုတာကရော ခင်ဗျားကိုပဲ ရည်ညွှန်းနေတာလေ
မနက်ကလဲ ဆေးရုံထိလိုက်လာသေးတယ်မဟုတ်လား"

"San က မင်းကိုဘာလုပ်နေလို့လဲ ကွာ သူက ငါနဲ့ ငယ်ငယ်ကနည်းက တူတူနေ တူတူအိပ်ဆိုတော့ ငါ့ကို အရမ်းရင်းနှီးလို့ ဒါမျိုးလုပ်တာပါကွာ
သူချစ်တယ်ဆို ငါ့ကို ဟိုးအရင်ထဲက ဖွင့်ပြောပြီးလောက်ပီပေါ့"

"ခင်ဗျားကသာ ရိုးသားနေ အဲ့လူကြီးက ခင်ဗျားကို ဝါးစားတော့မှာ ကျွန်တော်ကတော့ သူ့ကို စတွေ့ထဲကိုက ကြည့်မရတာ"

"မင်းကလဲကွာ San က ခင်ဖို့ကောင်းပါတယ် သဘောလဲကောင်းတယ် သူ့ခမျာ မင်းနဲ့ရင်းနှီးအောင် ဒီည ပါတီလုပ်ပေးဖို့တောင် လုပ်နေတာ"

SwEEt  PsyCho ChocoLate 🐻😋Where stories live. Discover now