အပိုင်း ၂၁ ( U + Z )

940 99 4
                                    

Unicode

ဘဝမှာ မထင်ထားတာတွေ ဆိုတာလဲ အချိန်ကာလ တစ်ခုမှာ ရောက်လာစမြဲပါ
ဘယ်သူကထင်မှာလဲ ကျွန်တော့်အစ်မက မိန်းကလေးချင်း သဘောကျခဲ့တဲ့သူတစ်ယောက်ဆိုတာလေ

ပြီးတော့ အဲ့တာထက် ပိုဆိုးတာ မမသေခဲ့ရတာက ရိုးရိုးရောဂါဆိုတာထက် အိပ်ဆေးတွေအများကြီးသောက်သေခဲ့တယ်ဆိုတာပဲ

ဒါကို ကျွန်တော်သိမှာစိုးလို့ ဖုံးကွယ်ခဲ့တာက ကျွန်တော့်အဖေနဲ့ အမေတဲ့လေ

ဒီအကြောင်းတွေ ဘယ်လိုသိခဲ့လဲ ဆိုတော့  အဲ့တာက Boo ကျေးဇူးတွေကြောင့်ပါပဲ

ဖြစ်ပုံက ဒီလို........

"Boo မအိပ်သေးဘဲ ဘာတွေ စဥ်းစားနေတာလဲ "

"အလုပ်အကြောင်းပါ Tua-eng"

"စိတ်ညစ်စရာတွေရှိနေလို့လား Boo"

"လူနာတစ်ယောက် အကြောင်းပါ သရဲလား စိတ်ပိုင်းဆိုင်ရာလား ကိုယ်ဝေခွဲမရနေလို့"

"Boo ပင်ပန်းနေရင် ကျွန်တော့်ပုခုံးပေါ် ခေါင်းလေးမှီထားပါလား
Boo ကျွန်တော့်ကို ပြုံးပြပါလား
ကျွန်တော်က Boo မျက်နှာလေး ပြုံးနေတာပဲ မြင်ချင်တယ်
အကယ်၍ ဆေးရုံမှာ စိတ်ညစ်စရာတွေရှိနေရင် ကျွန်တော့်ဆီ အပြေးသာလာခဲ့ပါ
လိုနေတဲ့အချိန်တိုင်း Boo မှီခိုဖို့ အေးချမ်းတဲ့ ရင်ခွင်တစ်စုံ ဖြစ်ပေးပါ့မယ်"

" ကိုယ်လေ မထင်ထားဘူး"

"ဘာကိုလဲ"

"ဒီလိုကောင်ဆိုးလေး နှုတ်ဖျားက စကားလှလှလေးတွေ ထွက်လာလိမ့်မယ်လို့လေ
ကိုယ်တို့စတွေ့တုန်းက စွာလန်ကြဲ ဝက်ကလေးက ဘယ်ပျောက်သွားလဲတောင် ထင်မိတယ်
ပြီးတော့ အာပေတူးကောင်လေးက ချစ်စရာစကားလေးတွေနဲ့ အားပေးတတ်မယ်လို့ပေါ့ ခုလိုမြင်ရတော့ လူသစ်ပြောင်းသွားသလိုပဲ"

'"လူတိုင်းက အချစ်နဲ့တွေ့ရင် ပြောင်းလဲ တတ်ကြတာပဲလေ
ပြီးတော့ ကျွန်တော်က လူတစ်ယောက်ထဲကိုပဲချစ်တယ် အဲ့လူအတွက်ဆိုရင် ပျားသကာလို ချိုလိမ့်မယ်
ဒါပေမယ့် "

"ဒါပေမယ့် ဘာဖြစ်လဲ"

"အဲ့လူက အချိုးပြောင်းလာခဲ့မယ်ဆိုရင် သစ္စာဖောက်လာခဲ့မယ်ဆိုရင် Boo သိပါတယ် Boo သူငယ်ချင်း San ကို ကျွန်တော် ဘယ်လို ဆက်ဆံခဲ့တယ်ဆိုတာ
ကျွန်တော်က ငြိမ်ခံနေမှာမဟုတ်ဘူး
အချစ်ကိုလဲ တန်ဖိုးထားတယ်
အဲ့အချစ်အတွက်လဲ ကာကွယ်စရာရှိရင် ကာကွယ်နိုင်အောင် ကြိုးစားတတ်တယ်ဆိုတာ Boo မမေ့နဲ့ "

SwEEt  PsyCho ChocoLate 🐻😋Where stories live. Discover now