အပိုင်း ၁၆ (U+Z)

1.1K 99 4
                                    

Unicode

အချစ်တစ်ခု ကံကြမ္မာ စီမံရာအတိုင်းပေါ့

အသည်းကွဲလို့ အသိစိတ်လွတ်နေတဲ့ Fiat

ဘဝမှာ လူနှစ်ယောက်ကို ချစ်ခဲ့တယ်
နှစ်ကြိမ်လုံး ရှုံးနိမ့်ခဲ့တဲ့ San ကျွန်တော်

ကျွန်တော်တို့နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးကတော့

အဲ့နေ့ညက စခဲ့တာပါပဲ

အဲ့နေ့ည.......

ကောင်လေးတစ်ယောက် အရက်တွေမူးပြီး ဘားတစ်ခုရဲ့ အိမ်သာထဲမှာ ငိုကြွေးပြီး လူမှန်းသိမှန်းမသိဖြစ်နေသော သူ

အဲ့နေ့ညက ကျွန်တော် အေးအေးဆေးဆေး သောက်ချင်တာကြောင့် လူသူမသိတဲ့ အဲ့ ဂေးဘား အသေးလေးကို သွားခဲ့တယ်

အမှတ်မထင် အဲ့ကောင်လေး Fiat ဆိုတာကို အိမ်သာထဲမှာ မူးရူးကွဲပြဲ ငိုကြွေးနေတာ တွေ့ခဲ့တယ်

"မင်း မင်း Fiat မလား"

သူ့ဆီက ကျွန်တော့်ကို ခေါင်း​ထောင်ပြီး မျက်လုံးအဝန်းသားနဲ့ ကြည့်လာတယ်

ပြီးတော့ သူ့မျက်နှာကို ဒူးနှစ်လုံးကြား နှစ်ပီး သူ့ငိုကြွေးမှုကို ဆက်လက်ပြုလုပ်တယ်

ကျွန်တော် သူ့ဘေးမှာ ဆောင့်ကြောင့်လေး ထိုင်ခဲ့မိတယ်

"မင်း ဘာတွေ ခံစားနေရတာလဲ"

သူ့ဆီမှ နာမည်တစ်ခုကို ဖွဖွလေးမျှသာ ကြားလိုက်ရတယ်

"P' Suppasit"

ကျွန်တော် သူ့ပုခုံးလေးကို အသာအယာ ပွတ်ပေးပြီး အားပေးမှုကို စတင်လိုက်တယ်

"မင်း သိပြီးပြီပေါ့
အဲ့တာကြောင့် ဒီလောက် ဖြစ်နေတာမလား"

သူ့ဘက်က ကျွန်တော့်ကို မျက်လုံးနီနီနဲ့ တန်ပြန်ကြည့်လာတယ်

"ခင်ဗျားက တော်တော်မကောင်းတာပဲ
ကျွန်တော် အဲ့လောက်ချစ်တာကို ခင်ဗျားက အဲ့ကောင်ကိုမှ ခင်ဗျားကို မုန်းတယ်"

သူ့စကားတွေက ဆူဖစစ်ကို ရည်ညွှန်းနေမှန်း ကျွန်တော် သိလိုက်တယ်

"Nong Fiat မင်း အရမ်း မူးနေပီ ကိုယ်တို့ ဒီထဲက ထွက်ရအောင်"

အရက်သောက်ပြီး မူးချင်တဲ့ ကျွန်တော် နောက်ဆုံးတော့ ကလေးထိန်းသာသာပဲ ဖြစ်သွားပါတယ်

SwEEt  PsyCho ChocoLate 🐻😋Where stories live. Discover now