အပိုင်း၁(U+Z)

1.8K 145 23
                                    

Unicode
ကျွန်တော့် နာမည် ဆူဖစစ်
ဆရာဝန်အလုပ်ကို ဝါသနာပါလွန်းလို့တော့မဟုတ်
မိဘတွေ တိုက်တွန်းချက်ကြောင့် လုပ်ခဲ့တာ
ဒါပေမယ့် ခုတော့ ကျွန်တော်ပျော်နေပါပြီ
စိတ်ဝင်စားလာသလို စိတ်ကျန်းမာရေးကောင်းသွားတဲ့ လူနာတွေကို ကြည့်ပီး စိတ်ချမ်းသာရတယ်

ကျွန်တော်တို့က မျိုးနဲ့ရိုးနဲ့ ဆရာဝန်ဗျ
ချမ်းလည်းချမ်းသာတယ် ဆိုပါတော့

လိုနေတာလေးက တစ်ခုပါပဲ
အချစ်စစ်
ကျွန်တော် အဲ့လို ပြောလို့ ကြိုက်တဲ့ သူမရှိဘူး မထင်နဲ့နော်
ကျွန်တော့်ကိုမှ မရရင် သေပါမယ်ဆိုတဲ့ သူတွေမှ အများကြီး ကျွန်တော် ကိုယ်တိုင်မှ မချစ်တာ သူတို့ကို

အချစ်စစ်နဲ့ မတွေ့ခင်ထိတော့ ကျွန်တော်က single ပဲ လုပ်ဖြစ်နေအုံးမှာ
Single is the best လေ

~*~'~

ကျွန်တော့် နာမည်က ကနာဝက်ဗျ
ဒီအလုပ်ကို ကျွန်တော် သဘောကျလွန်းလို့သာ လုပ်ရတာ
ငယ်ငယ်ထဲက ပြုစုစောင့်ရှောက်သူ သိပ်ဖြစ်ချင်ခဲ့တာ

ဒါပေမယ့် ကျွန်တော်က သရဲကြောက်တတ်တယ်ဗျ
ဆေးရုံ ဆိုတာမျိုးကလည်း သရဲနဲ့ မကင်းဘူးလေ

တစ်ခါတစ်ခါ ဒီအလုပ်လုပ်မိတာ မှားပီလားလို့ တွေးမိတယ်

အော် ဒါပေမယ့် ကျွန်တော့် ဘဖုန်း ဆွဲကြိုး အဆောင်ဆွဲထားသမျှ ဘယ် သရဲမှ အနားမကပ်နိုင်ပါဘူး

ဒါမယ့် ကျွန်တော့်မှာ ထူးခြားတာတော့ ရှိတယ် ကနာဝက်လေ ကနာဝက်ပါ

ကလေးတွေ ကလေးတွေ ကျွန်တော့်ဆို သိပ်ချစ်ကြတာ
မွေးကင်းစ အဆုံး လမ်းလျှောက် စကားပြောတတ်တဲ့ အရွယ် အထိပေါ့

ဒါလဲ ကျွန်တော့် ကုသိုလ်ကံကြောင့် ဖြစ်မှာပေါ့လေ
ဒါမယ့် ဆိုးတာက ချစ်လွန်းတော့လဲ မကောင်း ဆိုသလိုပါပဲဗျာ
ကလေးအဖေလို့ အထင်ခံရတာ ခပ်ဆိုးဆိုးဗျ

ကျွန်တော် လူပျို စစ်စစ်ပါ
ယင်မ မသန်းဖူးတဲ့ လူပျို နုနုထွတ်ထွတ်လေးဗျ

ကျွန်တော့်ရည်းစား တစ်ခါမှ မထားဖူးပါဘူး
မရှိလို့ မဟုတ်ဘူးဗျ မရလို့
ကျွန်တော့်ကံကလည်း ခပ်ကောင်းကောင်းရယ်

SwEEt  PsyCho ChocoLate 🐻😋Where stories live. Discover now