အပိုင်း ၁၃ (U+ Z)

1K 119 24
                                    

Unicode
ဆေးရုံထဲ ယိုင်နဲ့ ယိုင်နဲ့ ပုံစံလေးနဲ့ တစ်ယောက်သော ကောင်လေးတော့ လမ်းလျှောက်လာပါတယ်

"ဟေး ကနာ စောလှချည်လား
ပုံစံကလဲ အိပ်ချင်မူးတူးနဲ့ တစ်ယောင်ထဲလာတာလား ဆရာရော အော် တူတူမလာကြဘူးလား"
သူနာပြုမလေးတွေကတော့ ထုံးစံအတိုင်း စပြီး စပ်စုပါတော့တယ်

"မပါဘူး တူတူလဲမလာဘူး"

"ဟာ ကနာ ပြောပုံကလဲ ဘာလဲ နင်နဲ့ ဆရာနဲ့ ရန်ဖြစ်ထားတာလား"

"မေးမနေပါနဲ့တော့ သူ့ကြည့်ရတာ အိပ်ရေးမဝပုံပဲ ယိုင်တိုင်တိုင်နဲ့"

ဒီလိုနဲ့ အဝတ်လဲခန်းထဲကိုတော့ ကနာဆိုတဲ့ အိပ်မှုန်စုပ်မွှားကောင်လေးက ဝင်သွားပါတော့တယ်

တစ်ဖက်မှာလည်း

San နဲ့ ဆူဖစစ်တို့က ဆေးရုံကို ကားမောင်းပြီး လာနေကြပါတယ်

ကံတရားကလည်း ကြံကြံနဲ့မှ ဖန်ဖန် ပေးတွေ့တော့တယ်
ဒီလို အကြောင်းလေးတွေကပဲ ဒီလူသားနှစ်ယောက်ကို ချစ်တတ်လာအောင် တွန်းပို့လိုက်သလိုပါပဲ

ဝှီးချဲနဲ့ အဖိုးအိုကို တွန်းလာတဲ့ သိပ်အူတိုနေတဲ့ ကောင်လေးရယ် ကားပေါ်က ဆင်းလာတဲ့ မျက်နှာဖြူကောင်လေးရယ် သွေးကြောလေးတွေထင်းပြီး လူကြီးသိပ်ဆန်လွန်းတဲ့ ဘဲဆရာဝန်ကြီးရယ် ဒီလူသုံးယောက် မျက်နှာချင်းဆိုင်တော့ မဟုတ်ပေမယ့်

ကားပေါ်က ဆင်းလာတဲ့ သူနှစ်ယောက်ကို ဝှီးချဲ တွန်းလာတဲ့ ကောင်လေးက မြင်နေရတဲ့ အခြေအနေမျိုးပါ

ဒီမြင်ကွင်းကို အစအဆုံး ထိုကောင်လေး ကြည့်နေလိုက်တယ်

နောက်ဆုံး တာတာ့ပြပီး မျက်နှာဖြူကောင်က ကားနဲ့ပြန်သွားတဲ့အထိပေါ့

ဘာလဲကွာ ဦးစစ်က တကယ်ဘာလဲ ပြောတော့ သူ့ကားကို ဘယ်သူမှပေးမစီးဘူးဆို
ငါကြားထားတာပဲ မှားနေတာလား
ဦးစစ်ရာ ကျွန်တော်လေ တကယ်နေလို့မကောင်းလို့
ဒီရင်ဘတ်ထဲလေ တကယ်နေလို့ကောင်းမနေဘူးဗျာ

"ကောင်လေး ဟေးကောင်လေး ကောင်လေးရေ ဒီမှာပဲ ရပ်နေမှာလား ဟိုမှာ ဟိုမှာ သူငယ်ချင်းတွေစောင့်နေတယ်လေ ကားကို အရှိန်တင်လေကွာ မင်းမောင်းတာ အရမ်းနှေးတာပဲ ငါမောင်းရင် မင်းထက်မြန်မှာကို ငါ့ကိုပေးမမောင်းဘူး"

SwEEt  PsyCho ChocoLate 🐻😋Where stories live. Discover now