အပိုင်း ၂၂ ( U + Z )

928 103 10
                                    

Unicode

ညီမလေးတို့က အစောကြီးထပြီး ကျွန်တော်တို့ကို စောင့်နေတာတဲ့

Pho နဲ့ Mae ကတော့ မနက်ဖြန် မင်္ဂလာဆောင်ချိန် အမှီလာမယ်လို့ ပြောတယ်

"မေမေရေ ကိိုကိုတို့ ရောက်လာကြပီ ဘေးမှာ ကိုကို့ သူငယ်ချင်းလဲ ပါလာတယ် "

"ကိုကို ကလဲ ညီမလေးတို့က မနက်အစောကြီးထဲက မျှော်နေကြတာ ပင်ပန်းလာပြီလား  "

"ရပါတယ် ကြည့်ပါအုံး ကိုကို့ ညီမလေးက ပိုချောလာလိုက်တာ"

"ဟီးဟီး
ဒါနဲ့ ကိုကို့ သူငယ်ချင်းလား မိတ်ဆက်ပေးပါအုံး "

"သူငယ်ချင်းမဟုတ်ဘူး သူက ကိုကို့ထက် အများကြီး အသက်ကြီးတယ်"

"ဟင်ဟုတ်လို့လား နုဖတ်နေတာပဲကို
ကိုကိုကတောင် အသက်ပိုကြီးတယ် ထင်ရသေး"

"ကနာ့ ညီမလေးကို မုန့်ဝယ်ကျွေးရတော့မယ် ထင်တယ် "

"သူက သိပ်နုချင်နေတာလေ ခုလဲကြည့် ညီမလေးက မြှောက်ပြောလိုက်တာနဲ့ သွား၃၂ချောင်းလုံးကို ပေါ်လို့"

"ကိုကိုတို့က တော်တော်ရင်းနှီးကတြယ်ထင်တယ် တစ်ယောက်နဲ့တစ်ယောက် စနောက်နေကြတယ်
ကိုကိုက သူအရမ်းမရင်းနှီးတဲ့ သူဆို အဲ့လို မစတတ်ဘူးလေ "

"ဟုတ်တယ် ကိုယ်တို့က"

(ပါးစပ်ကို လက်ဝါးနဲ့လှမ်းပိတ်)

"ကိုကိုတို့က တစ်ခန်းထဲနေကြတာလေ
ခုလဲ ဆေးရုံက နားရက်ရလို့ စိတ်ဖြေလက်ဖျောက် သူပါ ခရီးထွက်ချင်တယ်ဆိုလို့ "

"အော်
ဒါနဲ့ ကိုကို ချစ်သူရော ခေါ်မလာဘူးလား"

"ဟာ ညီမလေးကလဲ မရှိသေးပါဘူး"

ထိုအချိန်မှာပဲ ဦးစစ်က

"ကိုယ် ပင်လယ်ဘက်သွားပြီး လေညှင်းခဏ ခံလိုက်အုံးမယ်နော်
စကားပြောပြီးရင် ဖုန်းဆက်လိုက် အိတ်တွေ အခန်းထဲ ရွှေ့လို့ရအောင် အခန်းသော့လေးပေးပါလား ညီမလေး "

ဦးစစ်မျက်နှာ တစ်ချက်ကလေး ညှိုးသွားတာကို ကျွန်တော် သတိထားမိသည်

ညီမလေးက သော့ပေးလိုက်တာနဲ့ ကျွန်တော့်ကိုတောင် စကားမပြောတော့ပဲ အခန်းသို့ တန်းသွားတော့သည်

SwEEt  PsyCho ChocoLate 🐻😋Where stories live. Discover now