အပိုင်း ၁၈ ( U + Z )

1.2K 112 6
                                    

Unicode

ခေါင်းသို့ အသာအယာ ပွတ်သပ်နေမှု အထိအတွေ့ တစ်ခု
ကျွန်တော် မမှားဘူးဆိုလျှင် ဒါဟာကျွန်တော့်ချစ်သူဆီက လာတဲ့ အထိအတွေ့ဆိုတာ တပ်အပ်ပြောနိုင်ပါသည်

ဟုတ်တာပေါ့ သိပ်ဟုတ်တာပေါ့
ကျွန်တော့် နဖူးပေါ်သို့ ကျနေ​ေသာ ဆံချည် မွှေးညှင်းနုလေးများကို ရစ်ပတ်ဆော့ကစားနေသော ကျွန်တော့်ချစ်သူ

မျက်လုံးတွေ ဖွင့်ကြည့်လိုက်တော့
သူက ကျွန်တော့်မွေ့ယာပေါ်မှ အပြုံးတစ်ခုနဲ့ စောင့်နေတာကို တွေ့လိုက်ရတယ်

" Um ...."

အပျင်းကြောဆန့်ပီးတာနဲ့ ကျွန်တော့် သူ့ကို စချွဲမိတော့တာပါပဲ

"ဦးစစ် ကျွန်တော်မထချင်သေးဘူး"

သူက သူ့လက်တို့နဲ့ ကျွန်တော့်ပုခုံးအောက်လျှိုသွင်းပြီး

"ထတော့ ဆိုးမနေနဲ့ ဒီနေ့ ကိုယ်တို့ချစ်သူဖြစ်ပီး ပထမဆုံး ဆေးရုံသွားရမယ့်နေ့ပဲလေ"

"အွန်း ဒါမယ့် အိပ်ချင်တယ်"

"မရဘူး ထပါဆို "

"ဦးစစ်ကလဲ ပြီးရောပြီးရော"

"ဒါနဲ့လေ ကိုယ်တို့ ချစ်သူဖြစ်သွားပီဆိုတော့ ဦးစစ်တို့ ကနာတို့လို့ ရိုးရိုးခေါ်မယ့်အစား တစ်ခုခုပြောင်းခေါ်ရအောင်ကွာ"

"ဒီတိုင်းပဲကောင်းပါတယ် နှုတ်ကျိုးနေပီပဲကို
တော်ကြာ ဆေးရုံက တခြားသူတွေကြားသွားလို့ သံသယဝင်သွားရေ မကောင်းဘူးလေ ဟုတ်တယ်မလား"

"သံသယမဝင်အောင်ခေါ်ကြမယ်လေ ကိုယ်တို့နှစ်ယောက်တည်းရှိတဲ့အချိန်မျိုးပေါ့"

"ဦးက ဘယ်လိုခေါ်ချင်လို့လဲ"

"ကိုယ်စဥ်းစားထားတာရှိတယ်"

"အွန်း"

"Tua-eng ဆို ဘယ်လို သဘောရလဲ"

"ဟာ ဦးကလဲ အရမ်းသိသာနေမှာပေါ့"

"ကိုယ်တို့နှစ်ယောက်တည်းရှိတယ့် အချိန်မှ ခေါ်မှာပါဆို"

"အွန် အွန်း ဦးသဘော"

"ကိုယ့်ကိုရော ဘယ်လို ခေါ်မလဲ Tua-eng"

SwEEt  PsyCho ChocoLate 🐻😋Where stories live. Discover now