Part-1

28.1K 466 29
                                    

"ဦးငယ် မြန်မြန်လာပါ..."

"လာနေပါတယ် မီးငယ်ရယ်...
လောလိုက်တာ..."

"မလောလို့မရဘူး ဦးငယ်...
အဲ့ကောင်ကိုလေ မီး သတ်ပြစ်ချင်နေပြီ.."

"ဒေါသကြီးလိုက်တာ မီးငယ်ရာ..."

"ကြီးကြီးပဲ ဦးငယ်...
အဲ့ကောင်ကိုတွေ့တာနဲ့ ဆွဲထိုးပြစ်ပေး...
အဲ့တာမှ နောင်ကျဉ်မှာ..."

"ဟုတ်ပါပြီဗျာ ဦးငယ်တူမကိုထိရင် ဦးငယ်နဲ့တွေ့မှာပေါ့..."

"ဦးငယ်ကအတော်ဆုံး..."

"ဟုတ်ပါပြီ.."

လက်ကိုအတင်းဆွဲပြီး ခေါ်လာတဲ့တူမတော်ကြောင့် ဒီသာလည်းမနည်းမှီအောင်လိုက်ခဲ့ရသည်။

ကောင်လေးတစ်ယောက်က သူ့ကိုနှောင့်ယှက်နေပါတယ်ဆိုပြီး ဦးငယ်ကိုလူမိုက်ငှားကာ ကျောင်းနားကိုခေါ်လာခြင်းဖြစ်သည်။

မီးငယ်ကိုလာကြိုက်တဲ့ကောင်လေးကိုလည်း အံ့သြပါသည်။ မီးငယ်က ကျောင်းတက်ရင်သာ မိန်းကလေးလို့ဝတ်သွားတာ အိမ်မှာနေရင်တော့ ဘောင်းဘီရှည်နဲ့အင်္ကျီအကျယ်ကြီးတွေသာဝတ်တတ်သည်။ ဆံပင်ကလည်း နားဖုံးရုံလောက်သာ အတိုကိုထားထားပြီ တခါတလေ ဒီသာနည်းတူ အတိုလိုက်ညှပ်တတ်သည်။

မီးငယ်ကဒီသာထက်5နှစ်ပဲငယ်တာကြောင့် ဒီသာနဲ့ဦးလေးဆိုတာထက် သူငယ်ချင်းလိုပေါင်းသည်။ ဦးလေးနဲ့ အတူတူသွားလာစားသောက်တာကြောင့် မသိရင် မီးငယ်ကဒီသာ့ညီလေးလိုပင်။ တစ်ဦးတည်းသော် တူမလေးဖြစ်တာကြောင့် အစစအရာရာအလိုလိုက်ချစ်ပေးရသည်။

"မီးပြောပြမယ်နော်...
အဲ့ကောင်က အရပ်မြင့်မြင့် နှာခမ်းမွှေးကရေးတေးတေးနဲ့ ကြည့်လိုက်တာနဲ့လူမိုက်ရုပ်မှန်းသိသာတယ်.."

"အင်း.."

"တွေ့တာနဲ့ဆွဲထိုးပြစ်နော်...
ဦးငယ်မလုပ်ရင် မီးလုပ်မှာ.."

"အင်းပါဆို.."

သစ်ပင်အောက်တစ်နေရာရောက်တော့ မီးငယ်ကရပ်ပြီး ဒီသာရဲ့အင်္ကျီလက်တိုကိုအပေါ်ကိုလိပ်တင်ပေးသည်။ လိပ်တင်လိုက်တော့ ပေါ်လာတဲ့ ဒီသာရဲ့လက်မောင်းက အင်္ကျီလက်နဲ့ကြပ်နေသည်။ မီးငယ်ဆိုလိုတာက ဒီသာရဲ့ဗလကိုမြင်စေချင်ခြင်းဖြစ်သည်။

မြှားနတ်မောင် ကျီစယ်တာလား (completed)Where stories live. Discover now